CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနဲ့ အယ်လ်အေဂလက်ဇီ၊ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ် အသင်းတို့ဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီမီရိုကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်လ ၃၀ ရက်ကျရင် အသင်း ကနေ ထွက်ခွာမယ်လို့ ဇန်နဝါရီလက ကြေညာခဲ့တာပါ။ 

အသက် ၃၄ နှစ်အရွယ်ရှိ ကတ်စီမီရိုဟာ ဥရောပထိပ်တန်းလိဂ်တစ်ခုမှာ ဆက်ပြီး ကစားနိုင်သေးတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီနဲ့ အယ်လ်အေဂလက်ဇီအသင်းတို့ဟာ မကြာသေးမီက ကတ်စီမီရိုကို ဆက်သွယ်ခဲ့တဲ့ အသင်း တွေထဲမှာ ပါဝင်ပေမယ့် တရားဝင် ကမ်းလှမ်းမှုတော့ ပြုလုပ်ရခြင်း မရှိသေးပါဘူး။

အယ်လ်အစ်တီဟတ်အသင်းကလည်း လက်ရှိအချိန်မှာ ကတ်စီမီရိုရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

ကတ်စီမီရိုကို တွေ့ရစဉ် 

ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ ကန်တီတို့ကို ဆုံးရှုံးပြီးနောက် ဥရောပနာမည်ကြီး ကစားသမားတွေကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။ 

ESPN က ကတ်စီမီရိုကို ခေါ်ယူနိုင်မယ့် အခြေအနေဟာ ဖာဘင်ဟိုရဲ့ အနာဂတ်နဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၂၃ ခုနှစ်မှာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဖာဘင်ဟိုဟာ ဒီနွေရာသီမှာ အသင်းနဲ့စာချုပ် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးမလား ဒါမှမဟုတ် အလွတ်နဲ့ထွက်ခွာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 

ကတ်စီမီရိုဟာ ယာယီနည်းပြ ကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် သူ့ကိုနောက်ထပ် တစ်နှစ်အသင်းမှာ ဆက်ထိန်းသိမ်းဖို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။ 

ယူနိုက်တက်အသင်းကတော့ ကတ်စီမီရိုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းလဲဖို့ အစီအစဉ်မရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ 

Source: ESPN