CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆

ဘရာဇီးလ်တောင်ပံ ကစားသမား ဗီနီစီးယက်စ်က ရီးရယ်လ်အသင်းမှာ အချိန်အကြာကြီး ဆက်နေဖို့ အစီအစဉ် ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

ဗီနီစီးယက်စ်က “ကျနော်ဟာ ရီးရယ်လ်အသင်း အကြောင်းပဲတွေးပြီး အဲ့ဒီမှာ အချိန်အကြာကြီး ကစားဖို့ စီစဉ်ထား ပါတယ်။ ကျနော့်ရဲ့ အကောင်းဆုံး အခိုက်အတန့်ကို ဖြတ်သန်းနေပြီး ရီးရယ်လ်အသင်းမှာ လုပ်ခဲ့တဲ့အရာတွေ အားလုံးကို နိုင်ငံအသင်းမှာလည်း လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဗီနီစီးယက်စ်ဟာ နည်းပြဟောင်း ဇာဘီအလွန်ဆို လက်ထက်မှာ အဆင်မပြေမှုတွေကြောင့် ရီးရယ်လ်အသင်း ကနေ ထွက်ခွာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိနည်းပြ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံး ပုံစံတွေ ပြန်ရနေပြီ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၄၃ ပွဲ ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားတာပါ။ 

ဗီနီစီးယက်စ်ကို တွေ့ရစဉ်

ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်း စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး အသင်းက သူ့ကို စာချုပ် သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

အခုအချိန်မှာ ဗီနီစီးယက်စ်ဟာ အသင်းမှာ အချိန်အကြာကြီး ဆက်နေဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့တာကြောင့် မကြာမီမှာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ် ချုပ်နိုင်တာပါ။ 

ရီးရယ်လ်အသင်းမှာရှိတာ ၈ ရာသီကြာဖြစ်တဲ့ ဗီနီစီးယက်စ်ဟာ အသင်းအတွက် ပွဲပေါင်း ၃၆၆ ပွဲ ကစားထားပြီး ၁၂၃ ဂိုးသွင်းယူကာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။ 

Source: besoccer