CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

မက်ဆီဟာ ဘောလုံးပါရမီရှင် တစ်ဦးဖြစ်ပေမယ့် သူ့မှာ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေလည်း ရှိပါတယ်။ RMC Sport က ဖန်တီးထားတဲ့ မှတ်တမ်းရုပ်ရှင်မှာ ပီအက်စ်ဂျီ ကစားသမားရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းကို အာရုံစိုက်ထားတာဖြစ်ပြီး သူ ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်းက ကွင်းပြင်ပမှာ ထူးဆန်းတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Insubmersible Messi ဆိုတဲ့ စာအုပ်ကို ရေးသားသူ အဲလက်ဇ်အန်ဒရီး ဂျုးလိယက်ဆိုတဲ့သူက မက်ဆီရဲ့ ကိုယ်ရည်ကိုယ် သွေးနဲ့ ပတ်သက်ပြီး အံသြဖွယ်ရာ အကြောင်းအရာတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပုံ-မက်ဆီလူစားလဲခံရပြီးနောက် အရန်ခုံတန်းမှာ ထိုင်နေစဉ်။(New York Folk)

အဆိုပါပုဂ္ဂိုလ်က “မက်ဆီဟာ ပေါင်းရသင်းရခက်တဲ့ လူတစ်ဦးပါ။သူဟာ သီးသီးသန့်သန့်ရှိပြီး ဆက်ဆံရာမှာ ပြဿနာရှိပါ တယ်။ သူဟာ ခင်ဗျားကိုလည်း တိုက်ရိုက် မပြောပါဘူး။ တစ်ခုခု စိတ်အနှောင့်အယှက် ဖြစ်ပြီဆိုရင်လည်း ဒီပြဿနာကို ဖြေရှင်းဖို့ အခြား တစ်ယောက်ယောက်ကို မက်ဆေ့စ်ပို့ပြီး ဖြေရှင်းခိုင်းတာပါ။ ဂွာဒီယိုလာဆိုရင် မက်ဆီကို လူစားလဲဖို့ ဒါမှ မဟုတ် အရန်ခုံမှာ ထိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အာဂျင်းတီးနား ကစားသမားကို ပြန်ဖြေရှင်းဖို့ သူ့ရဲ့အိမ်အထိ တောင်သွားခဲ့ရ တာပါ”လို့ ပြောပါတယ်။

“မက်ဆီဟာ သူ့ကို အရန်ခုံမှာထားတာ ဒါမှမဟုတ် လူစားလဲဖို့ အတွက်ပဲ အသုံးပြုတော့မယ်ဆိုရင် နောက်နေ့ လေ့ကျင့်ခန်း လာမဆင်းတော့ပါဘူး။ ဂွာဒီယိုလာက သူ့ကို ဆုံးရှုံးရမှာဆိုးတဲ့အတွက် သူ့ရဲ့ကားနဲ့ပဲ မက်ဆီရဲ့ အိမ်ကို စကားပြောဖို့ သွားခဲ့ရ ပါတယ်။ အခုခေတ်မှာတော့ ဒါက ရှုးကြောင်ကြောင်နိုင်တဲ့ ကိစ္စပါပဲ”လို့ သူက ဆက်ပြောထားတာပါ။

ဒီမှတ်တမ်းရုပ်ရှင်မှာ မန်စီးတီး အသင်းနည်းပြဟာ မက်ဆီနဲ့ပတ်သက်ပြီး အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်တဲ့သူ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစိလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားတာဖြစ် ပြီး လီဂူးဝမ်းပြိုင်ပွဲမှာတော့ ဂိုးပေါက် ပျောက်ဆုံးနေသလို ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန် နေရတာလည်း ဖြစ်ပါတယ်။