၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈
ဘာစီလိုနာအသင်းဟာ နည်းပြ ၄ ဦးအတွက် ယူရို ၃၃ သန်း သုံးစွဲခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါ တယ်။
ဘာစိလိုနာအသင်းဟာ အခုနှစ်ထဲမှာ ကစားသမားတွေကို ခေါ်ယူဖို့ ငွေကြေး အများအပြား သုံးစွဲခဲ့တာ အပါအဝင် စာချုပ် သက်တမ်း တိုးရာမှာလည်း ငွေကြေး အများအပြား အသုံးပြုခဲ့ရတယ်လို့ ပြောဆိုမှုတွေရှိပေမယ့် ကွင်းထဲမှာပဲ ငွေကြေး အကုန်ကျခံ သုံးစွဲတာတော့ မဟုတ်ပါဘူး။
ကတ်တလန်ကလပ်(ဘာစီလိုနာအသင်း)ဟာ အရန်ခုံ တန်းပေါ်မှာလည်း ငွေကြေးတွေအများကြီး သုံးစွဲထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဇာဗီကို ခေါ်ယူခဲ့တာ အပါအဝင် နောက်ဆုံးနည်းပြ ၄ ဦးအတွက် ထုတ်ပယ်တာ ဒါမှမဟုတ် ခေါ်ယူ တာတွေအတွက် ယူရို ၃၃ သန်း သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဗယ်လ်ဗာဒီကို ထုတ်ပယ်ခဲ့တဲ့အတွက် လျော်ကြေးယူရို ၁၁ သန်း ပေးချေခဲ့ရပါသေးတယ်။ ဗယ်လ်ဗာဒီ နေရာမှာ အစားဝင်ခဲ့တဲ့ ဆက်တီယန်ကိုလည်း ထုတ်ပယ်ခဲ့ချိန်မှာ ယူရို ၄ သန်းပေးခဲ့ရပါတယ်။ ဒါပေမယ့် ဆက်တီယန်ဟာ အခုအချိန်ထိ ယူရို ၄ သန်းကို ရရှိဖို့ စောင့်ဆိုင်းနေရတာပါ။
နောက်ဆုံး ထုတ်ပယ်ခဲ့တဲ့ နည်းပြကတော့ ရော်နယ်လ်ကိုးမန်း ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ နယ်သာလန်လူမျိုး နည်းပြရဲ့ စာချုပ်ကျန်ရှိနေတာကြောင့် ယူရို ၁၃ သန်း ပေးချေရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘာစိလိုနာအသင်းဟာ ဇာဗီကို ခေါ်ယူခဲ့ရာမှာလည်း ငွေကြေး ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကာတာကလပ်ကို ယူရို ၅ သန်းပေးချေရမှာပါ။ အဲဒါကြောင့် စပိန်ကလပ်ဟာ နည်းပြ ၄ ဦးအတွက် ယူရို ၃၃ သန်း သုံးစွဲခဲ့ရတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန် နေရတဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီအနေနဲ့ အသင်းကို ဘယ် လောက်ထိ တွန်းတင်ပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။