CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစား သမားဆုကို ရရှိသွားခဲ့ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ဟာလန်းဟာ ယူအက်ဖ်အေရဲ့ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို မန်စီးတီးအသင်းဖော် ဒီဘရိုင်းနဲ့ အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားတာပါ။

ဟာလန်းက “ကျနော်ဟာ အသက် ၂၂ နှစ်အရွယ်မှာ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ ကျနော်ဟာ အိပ်မက်ထဲမှာ ရှင်သန်နေရတာပါ။ ချန်ပီယံလိဂ်ဆုဖလားကို ရယူပြီးနောက်မှာ ကျနော်နဲ့ အသင်းကို ပိုပြီးတော့ မျက်စိတွေကျ လာပါလိမ့်မယ်။ ကျနော်တို့ဟာ ဒီထက်ပိုပြီးကောင်းဖို့အတွက် ပိုပြီးပြင်ဆင်ရမယ်” လို့ ဆုပေးပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။

အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဘွန်မာတီက ရရှိသွားခဲ့တာပါ။ ဘွန်မာတီဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့အပြင် ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လိဂ်၊ ချန်ပီယံ လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးအမျိုးသားနည်းပြဆုကို မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာက ရရှိခဲ့တာပါ။ စပိန်လူမျိုးနည်းပြဟာ ခွဲစိတ်ကုသမှုခံယူထားတဲ့အတွက် ဒီဆုပေးပွဲကို တက်ရောက်ခဲ့ ခြင်းမရှိပါဘူး။ တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးနည်းပြဆုကိုတော့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝီဂ်မန်း က ရရှိသွားခဲ့တာပါ။ ဝီဂ်မန်းဟာ အင်္ဂလန်အမျိုးသမီးအသင်းကို အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဥက္ကဋ္ဌက ချီးမြှင့်တဲ့အထူးဆုကိုတော့ ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးက ရရှိသွားခဲ့ပါ တယ်။ 

Source:ChannelNewsAsia