CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

နယ်သာလန်လက်ရွေးစင်ဟောင်း ပရိုမတ်စ်ဟာ အစ်ကိုဝမ်းကွဲရဲ့ ဒူးကို ဓါးနဲ့ ထိုးခဲ့တာမှာ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ဒတ်ချ်တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ကစားသမားဟာ ၂၀၂၀ က ဖြစ်ပွားခဲ့တဲ့ရန်ပွဲမှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့ပြီးနောက် လူသတ်မှုနဲ့ လူသတ်ဖို့ ကြိုးစားတဲ့ စွဲချက်တွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ပရိုမတ်စ်ဟာ ဒီစွဲချက်တွေကို အမြဲတမ်းငြင်းဆိုခဲ့ပေမယ့် နယ်သာလန်ရှိ အစိုးရရှေ့နေတွေက ကစားသမားကို ထောင်ဒဏ်ကျစေဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ယူဆခဲ့ကြတာပါ။ 

နယ်သာလန်လက်ရွေးစင်အတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တဲ့ ပရိုမတ်စ်ဟာ သူ့ရဲ့ မွေးရပ်မြေမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ စီရင်ချက်ချတာကို ရောက်ရှိလာခြင်းမရှိသလို သူ နိုင်ငံအတွင်းကို ပြန်လာမလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိခဲ့ရတာဖြစ်ပါတယ်။ ပရိုမတ်စ်ဟာ စပါးတပ်မော်စကိုအသင်းနဲ့ စာချုပ်ချုပ်ဆိုထားပြီး ရုရှားနိုင်ငံမှာ နေထိုင်နေတာပါ။

မျက်မြင်သက်သေနှစ်ဦးရဲ့ ထွက်ဆိုမှုနဲ့ သူ့ရဲ့ ဖုန်းထဲမှာ စကားပြောဆိုမှုတွေကို တွေ့ရှိခဲ့ပြီးနောက် ပရိုမတ်စ်ကို ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အေဂျတ်ဇ်နဲ့ ဆီဗီလာအသင်းတွေမှာလည်း ကစားခဲ့တဲ့ ပရိုမတ်စ်ဟာ လျော်ကြးအဖြစ် ယူရို ၇,၀၀၀ ပေးဆောင်ဖို့လည်း အမိန့်ပေးခြင်းခံခဲ့ရတာပါ။ ပရိုမတ်စ်အနေနဲ့ ကြားနာမှုကို တက်ရောက်ပြီး နောင်တကြီးစွာရတာကို ပြသမယ်ဆိုရင် အခုချမှတ်ထားတဲ့ ထောင်ဒဏ်ထက် ၆ လခန့် သက်သာ သွားနိုင်တယ်လို့ တရားရုံးက ပြောခဲ့ပါတယ်။

ဒါ့အပြင် ပရိုမတ်စ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပြီး ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ပြစ်မှုထင်ရှားစီရင်ခြင်းအပေါ် အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။ ပရိုမတ်စ် ဟာ ပြီးခဲ့တဲ့ရာသီက စပါးတပ်မော်စကိုအသင်းအတွက် ၃၂ ပွဲပါဝင်ကစားခဲ့ပြီး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Source:Goal