CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇
လတ်တလော ကိုဗစ် - ၁၉ ကပ်ရောဂါကို ကူးစက်မှုနှုန်း ၁၄ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၁၆ ရက် တွင် ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရ ဇူလိုင် ၁၄ ရက်တွင် ၃၃.၁၇ ရာခိုင်နှုန်းနှင့် ဇူလိုင် ၂၃ ရက်တွင် ၄၀.၈၂ ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှ ယခု ဩဂုတ် ၁၅ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၂၆.၄၆ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရမည် ဟု ၎င်းက ဆိုသည်။
“ရောဂါဖြစ်ပွားမှု အခြေအနေအရ ဇူလိုင် ၁၄ ရက်တွင် ၃၃ . ၁၇ ရာခိုင်နှုန်းနှင့် ဇူလိုင် ၂၃ ရက်တွင်
၄၀.၈၂ ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှ ဩဂုတ် ၁၅ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၂၆.၄၆ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရမည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုနှုန်း ပိုမိုကျဆင်းလာစေရေး ကြိုပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး ရောဂါဖြစ်ပွားသူ ၂၁၀၉၆၁ ဦးနှင့် သေဆုံးသူ ၁၀၀၄၈ ဦးရှိခဲ့သည့် အခြေအနေမှ ရောဂါတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလျက်ရှိသည်ဟု သိရသည်။
ဇူလိုင်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် ဩဂုတ်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း နှိုင်းယှဉ်မည်ဆိုပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရန်ကုန်တိုင်းတွင် ၇၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းတွင် ၆၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းတွင် ၅၃ရာခိုင်နှုန်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတွင် ၄၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းလာသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃ သိန်းကျော် (၃၅၆၉၈၅) ဦးနှင့် ကိုဗစ် -၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၈၂) ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ (၁၃၄၄၅) ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၁၆ ရက် ည ၈း၀၀ ထုတ်ပြန်ချက်အရသိရသည်။
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#ကိုဗစ် -၁၉ ရောဂါ
#မြန်မာနိုင်ငံ
#ကူးစက်မှု
#CNImyanmar
#cninews
#ChannelNewsIndependent