CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၃
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းနေခြင်းနှင့်အတူ သြဂုတ် ၁၂ ရက် ည ၈ နာရီမှ ၁၃ ရက်နေ့ ည ၈ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၀၂၁)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၄၅၆ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၂၁၂ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃ သန်းကျော် (၃,၃၂၃,၈၂၆)အား စစ်ဆေးခဲ့ပြီး ကိုဗစ် ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃ သိန်းကျော် (၃၄၈,၁၈၆)ရှိပြီဖြစ်သည်။ ယနေ့တွင် ဆေးရုံ ဆင်းခွင့်ရရှိသူ ၃၁၄၇ ဦး ရှိသဖြင့် ယနေ့အထိ စုစုပေါင်း ၂ သိန်းကျော် (၂၆၃,၁၇၂ ဦး) ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ဆိုသည်။
ထို့နောက် ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၁၂ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၂၈၇၉ ဦးရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက “ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြပါရန် လိုအပ်ပါသည်”ဟု ဆိုသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ကိုဗစ်ကာကွယ် ဆေးများကို တရုတ်နိုင်ငံ အပါအဝင် ရုရှားနှင့်အိန္ဒိယနိုင်ငံများမှ WHO အသိအမှတ်ပြု ကာကွယ်ဆေးများ မှာ ယူကာ မြန်မာနိုင်ငံသူ/သားများကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကာ လူဦးရေ ၂ သန်းကျော် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။
#ကိုဗစ်၁၉ #ကျန်းမာရေး #ကျန်းမာရေးဝန်ကြီးဌာန #ပိုးတွေ့လူနာ #သေဆုံး #CNImyanmar #cninews #ChannelNewsIndependent