CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၃

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်ရှိ မိုဒါနာ (Moderna) ဆေးဝါးလုပ်ငန်းက အသက် ၆ လမှ ၁၂ နှစ်အောက် ကလေးသူငယ်များအတွက် Covid-19 ကာကွယ်ဆေး ဖော်စပ်စမ်းသပ်လျက်ရှိရာ ပါဝင် အစမ်းသပ်ခံသူ ၁၃,၂၇၅ ဦးအထိ တိုးတက်များပြားလာကြောင်း၊ ယခင်က ၆,၉၇၅ ဦးရှိခဲ့ရာမှ ယခုနှစ်ဆနီးပါး တိုးလာခဲ့ခြင်းဖြစ်ကြောင်း လက်တွေ့စမ်းသပ်မှုမှတ်တမ်းများကို အခြေခံ၍ ရိုက်တာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇူလိုင်လက မိုဒါနာသည် အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (US FAD) နှင့်ညှိနှိုင်း၍ ဆေးသိပ္ပံဆိုင်ရာရှားပါးဖြစ်ရပ်များ စူးစမ်းရန် ဖြစ်နိုင်ခြေအလားအလာများကို လုံခြုံစိတ်ချရသည့် ဒေတာဘေ့စ် (database) များအတွင်းသို့ ထည့်သွင်းဖို့ ဦးတည်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန်တွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ရခဲ့သော မိုဒါနာထုတ် ကာကွယ်ဆေးသည် လက်ရှိအနေအထား၌ ဆယ်ကျော်သက်များ သုံးစွဲနိုင်ရေးအတွက် FDA က သုံးသပ်နေဆဲဖြစ်သည်။

 

Photo - AFP

ပီဖိုက်ဇာ (Pfizer) နှင့် အလားတူ ဂျာမန်ထုတ် BioNTech ကာကွယ်ဆေးတို့ကိုလည်း ၂၀၂၁ ခုနှစ်အစောပိုင်းက အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ သုံးစွဲခွင့်ပြုခဲ့သည်။

Source: Reuters

#မိုဒါနာ

#Moderna

#Pfizer

#ကိုဗစ်ကာကွယ်ဆေး

#အမေရိကန်

#ကလေး

#CNImyanmar

#Channel News ChannelNewsIndependent