CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၃ရက်

သရုပ်ဆောင်နှင့် လူရွှင်တော် ဦးစံမတူ အသက်(၉၀) သည် ယနေ့ (သြဂုတ်-၃ရက်) တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးစံမတူ ကို ၁၉၃၂ခုနှစ် တွင် ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ၌ ၁၁ လမ်းနေ ဦးဘခိုင်၊ ဒေါ်ကြီးမေတို့က မွေးဖွားသည်။ မောင်မြင့်သိန်းမှာ အမည်ရင်း ဖြစ်သည်။

၁၉၄၀ခုနှစ် ၁၆ နှစ်သားတွင် နာမည်ကြီး မြဒဂုံဇာတ်ပွဲ၌ လူရွှင်တော်အဖြစ် စတင်ကပြခြင်းဖြင့် အနုပညာလောကထဲ ဝင်ရောက်ခဲ့သည်။ ထိုဇာတ်ကနေစဉ် နာမည်ကြီးဒါရိုက်တာ ဦးအောင်ဝင်းက လူရွှင်တော် ဦးစံမတူ၏ အမူအရာ၊ ပြောပုံဆိုဟန်ကို သဘောကျသွားပြီး ဦးစံမတူကို မိမိရိုက်နေသော ရုပ်ရှင်ထဲ ထည့်ရိုက်ရာမှ ဦးစံမတူ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်အတွင်း ရောက်ရှိလာသည်။ ဤသို့ ရုပ်ရှင်လောက၌ ဒါရိုက်တာများစွာနှင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူးရာဝယ်၊ လက်တွဲမှုအများဆုံး ဒါရိုက်တာများမှာ ဦးသုခနှင့် ဝင်းဦးတို့ ဖြစ်သည်။

ရိုက်ကူးခဲ့ပြီးသော ရုပ်ရှင်ကားများ ၂၀၀ ကျော်သည်။ ဟာသဇာတ်ရုပ်ကများသည်။ တွဲဖက်ဟာသသရုပ်ဆောင်များမှာ ပလာတာ ဂျော်လီဆွေ နွဲ့နွဲ့စန်းတို့အပြင် ရွှေအိုးစည် တုတ်တုတ် စသော အနုပညာရှင်များနှင့်လည်း လက်တွဲသရုပ်ဆောင်ခဲ့သည်။

 

#လူရွှင်တော် ဦးစံမတူ

#ရန်ကုန်မြို့

#ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ

#ChannelNewsIndependent

#CNI myanmar