CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများကို ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာများ စစ်ဆေးရာမှာ အိုမိုက်ခရွန်ရောဂါပိုးအတည်ပြုလူနာ ၁၂ ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၁၂ ဦးမှာ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသား ၁ ဦးတို့ ဖြစ်ကြောင်း၊ Relief Flight များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ ၈ ဦး၊ မလေးရှားနိုင်ငံမှ ၃ ဦး၊ အိန္ဒိယနိုင်ငံမှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။