CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၈
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတွင် တတိယလှိုင်းအနေဖြင့် ပြန်လည် ဖြစ်ပွားလာ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီမှ ဇူလိုင်လ ၁၈ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း ၁၄၄၉၂ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂၈၅ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ယနေ့ည ၈ နာရီ၌ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၉ သိန်း ၇ သောင်းကျော် (၂,၉၇၂၀၀၆)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်း ၂ သောင်း ၉ ထောင်ကျော် (၂၂၉,၅၂၁)ဦးရှိ ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၃၁ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၅၀၀၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများက ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ကြိုတင် ပြင်ဆင်လျက်ရှိသလို စားသာက်ဆိုင်များကိုလည်း ဆိုင်ထိုင်စားခွင့်များ ယာယီပိတ်ထားရန် ညွှန်ကြား လျက်ရှိသည်။
#ကျန်းမာရေး #ပိုးတွေ့လူနာ #ကိုဗစ်၁၉ #ဓာတ်ခွဲနမူနာတစ်သောင်းကျော်စစ် #CNImyanmar #cninews
ဓာတ်ခွဲနမူနာ ၁၀၀၀၀ ကျော်စစ်ရာ ကိုဗစ်လူနာသစ် ၅၀၀၀ ကျော်တွေ့
- By CNI
- Category: ကျန်းမာရေး
- Hits: 407