CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၁၇

မြန်မာနိုင်ငံ ပရဟိတအဖွဲ့အစည်းများက တရုတ်နိုင်ငံမှ ဝယ်ယူသည့် တန်ချိန် ၃၀၀၀ အောက်ဆီဂျင်အရည်များ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ မန္တလေးမြို့သို့ ယနေ့(ဇူလိုင်လ ၁၇ ရက်)ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေရာ အောက်ဆီဂျင်အရည်နှင့် အောက်ဆီဂျင်အိုးများ အပါအဝင် ပစ္စည်းများ အရေးပေါ် လိုအပ်နေပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ မှာယူ၍ တင်သွင်းနေရသည်။ ယနေ့ရောက်ရှိလာသည့် တန်ချိန် ၃၀၀၀ အောက်ဆီဂျင်အရည်များကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ထားရှိကာ ပြည်သူလူထုသို့ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်သံရုံးက “မြန်မာဘက်က ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ အရေးပေါ် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယူနန်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့်ညှိနှိုင်းပြီး အခက်အခဲ ကို ကျော်ဖြတ်ကာ အထူးလမ်းကြောင်းဖွင့်လှစ်၍ အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ထုတ်လုပ် သည့်စက်၊ အသက်ရှုစက် စသည့် မြန်မာနိုင်ငံပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသည့် ကပ်ရောဂါ တိုက် ဖျက်ရေး ပစ္စည်းများ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန် အာမခံပေးပြီး မြန်မာနိုင်ငံ ကပ် ရောဂါ အခြေအနေ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပေးခဲ့ပါသည်”ဟု ဆိုသည်။

တရုတ်နိုင်ငံမှ ကူညီမှုများနှင့် မြန်မာဘက်မှ ဝယ်ယူသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်နိုင်ရန် ညှိနှိုင်းလျက်ရှိပြီး မြန်မာနိုင်ငံက ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ကူညီပေးကာ မြန်မာနိုင်ငံပြည်သူများ အသက်ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်လျက်ရှိပါ သည်ဟုလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အရေးပေါ်လိုအပ်နေသော အောက်ဆီဂျင် အရည်များ၊ အောက်ဆီဂျင်စက်များနှင့် ပစ္စည်းများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူ၍ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းကာ ကိုဗစ်-၁၉ တတိယလှိုင်းအား ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေသည်။

အဆိုပါ အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်စက်နှင့် ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ လျင်မြန်စေရန် အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက် တင်ပြတောင်းခံစရာမလိုအောင် ဆောင်ရွက်ပေးထားကြောင်းလည်း ဆိုသည်။

#တရုတ်
#မြန်မာ
#နယ်စပ်ဂိတ်ပေါက်
#အောက်ဆီဂျင်အရည်
#တန် ၃၀၀၀
#မန္တလေးသို့ရောက်ရှိ
#ကိုဗစ်၁၉
#ကျန်းမာရေး
#CNImyanmar
#cninews