CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၈

အမေရိကန်နိုင်ငံသမိုင်းတွင် ပထမဦးဆုံး လူမည်းနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ကောလင်းပါဝဲလ်(Colin Powell)သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ ကွယ်လွန်သွားပြီးဖြစ်ကြောင်း မိသားစုဝင်များကပြောသည်ဟု အယ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားသည်။

ကောလင်းပါဝဲလ်သည် ကြယ်လေးပွင့်ရ ဗိုလ်ချုပ်ကြီး(ငြိမ်း)တစ်ဦးလည်းဖြစ်သလို အမေရိကန်နိုင်ငံ၏ ပထမဆုံးလူမည်း နိုင်ငံခြား ရေးဝန်ကြီးလည်း ဖြစ်သည်။ သူသည် ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။

ကောလင်းပါဝဲလ် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိပြီဟု မိသားစုဝင်များက ပြောသည်။ ထို့နောက် ကောလင်းပါဝဲလ် သည် မကွယ်လွန် အချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားသူဖြစ်ကြောင်း သိရသည်။

ကောလင်းပါဝဲလ်သည် ၁၉၈၉ ခုနှစ်တွင် အမေရိကန်က ပနားမားကို ကျူးကျော်ခြင်း၊ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ၊ ၉/၁၁ တိုက်ခိုက်ခံရ မှု၊  ၂၀၀၁ ခုနှစ်၌ အာဖဂန်နစ္စတန်ကို အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်ခြင်း၊ ၂၀၀၁ ခုနှစ် အီရတ်စစ်ပွဲ စသည့် အရေးကြီး သော အခြေအနေများတွင် ထိပ်တန်းရာထူး တာဝန်များကို ထမ်းဆောင်ခဲ့ရသူဖြစ်သည်။