CNI International News

မော်စကို၊ ဩဂုတ် ၂၇

ယခုနှစ် အစောပိုင်းတွင် အနောက်အုပ်စုနိုင်ငံများမှ ကုမ္ပဏီများ မော်စကိုအား ကျောခိုင်းထွက်ခွါခဲ့ကြရာ ကိုကာကိုလာ ကုမ္ပဏီ၏ ထုတ်ကုန်နှင့်ရောင်းချမှုလည်း ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ကိုကာကိုလာ HBC AG (CCH.L) သည် ရုရှားပြည်တွင်းဖြစ် Dobry ကိုလာအချိုရည်ကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ရိုက်တာသတင်း အရ သိရသည်။

ကိုကာကိုလာကုမ္ပဏီမှ ခွဲထွက်လာသော ကိုကာကိုလာ HBC သည် မူလလက်ဟောင်း ရုရှားအချိုရည် အမှတ် တံဆိပ်ဖြစ်သော Dobry ကို ပေါင်းစပ် မွမ်းမံလိုက်ခြင်းဖြစ်ပြီး ၎င်းနှင့်မိတ်ဖက်ဖြစ်သည့် Multon လုပ်ငန်းမှ တစ်ဆင့် လက်ရှိ ရုရှားပြည်တွင်း အမှတ်တံဆိပ်များကို တိုးချဲ့ရှာဖွေနေကြောင်း ယခုလ အစောပိုင်းတွင် ကြေညာခဲ့သည်။

Dobry ကိုလာသည် ကိုကာကိုလာ (သို့မဟုတ်) ကိုကာကိုလာကုမ္ပဏီနှင့် ဆက်နွှယ်မှုမရှိကြောင်း ကိုကာကိုလာ HBC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုကာကိုလာကုမ္ပဏီသည် ကိုကာကိုလာ HBC ထံတွင် ရှယ်ယာ ၂၃ ရာခိုင်နှုန်း ကျန်ရှိသေးသည်။

ရုရှားက Dobry ကိုလာအချိုရည်ထုတ် (GETTY IMAGES)

အဆိုပါသတင်းကို ရုရှားသတင်းဌာန တစ်ခုဖြစ်သည့် အင်တာဖက်စ်က ရုရှားအသင့်စား (စားသောက်ကုန်) လက်ခွဲ လုပ်ငန်း တစ်ခုဖြစ်သော Teremok ကို ကိုးကား၍ ဩဂုတ် ၂၆ ရက်တွင် ရေးသားခဲ့သည်။

Dorby ကိုလာ အမှတ်တံဆိပ်နှင့်ပတ်သက်၍ မူလမိခင် ကုမ္ပဏီထံမှ အကြောင်းကြားစာ လက်ခံရရှိပြီး ရုရှား ပြည်တွင်း စားသောက်ဆိုင်များတွင် ရောင်းချရန် ကြိုးစားနေကြောင်း၊ Teremok သည် borscht နှင့် blinis ကဲ့သို့ ရုရှားရိုးရာ အစားအစာများလည်း ဝန်ဆောင်မှု ပေးနေကြောင်း အင်တာဖက်စ်က ဆက်လက် ရေးသားထားသည်။

ယူကရိန်းသို့ ရုရှားကျူးကျော်ခဲ့သဖြင့် ကိုကာကိုလာကုမ္ပဏီသည် ရုရှားပြည်တွင်းမှ ထွက်ခွာသွားပြီးနောက် ဒေသ တွင်း ပြိုင်ဘက်ကုမ္ပဏီများက အချိုရည်ဈေးကွက်ကို လွှမ်းမိုးလာခဲ့သည်။

အနောက်အုပ်စုနိုင်ငံများမှ အမှတ်တံဆိပ်များသည် ထိုကဲ့သို့ ပိတ်ဆို့ ဒဏ်ခတ်မှု ဖြစ်စဉ်များကြောင့် နှစ်ရှည်လ များ တရားရုံးတွင် ထိပ်တိုက် ရင်ဆိုင်ရမှုများ ရှိနေကြသည်။

ပြီးခဲ့သည့် မတ်လတွင် မိခင်တိုင်းပြည် အမေရိကန်ထံမှ နောက်ဆုံး ပိတ်ဆို့ဒဏ်ခတ်မှု အမိန့်ချမှတ်ခဲ့သဖြင့် ကိုကာကိုလာ HBC သည် ၎င်း၏ ကိုကာကိုလာ အချိုရည်ထုတ်ကုန်များကို စတော့ဖျက်သိမ်း ပေးခဲ့ရသည်။

Source: Reuters