CNI International News

ချင်းရိုင် ဩဂုတ် ၁၅

အွန်လိုင်းမှတစ်ဆင့် သေနတ်အလက် ၃၅၀၀ နှင့် ကျည်ဆန်အတောင့်ရေ ၁ သန်းနီးပါး ရောင်းချသူ ၃ ဦးကို ထိုင်းနိုင်ငံ၊ ခွန်ကန် နှင့် ချင်းရိုင်မြို့တို့ရှိ ရဲတပ်ဖွဲ့များက ဩဂုတ် ၁၁ ရက်တွင် ဖမ်းဆီးအရေးယူလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဒန်နျူနိုင်းကို ခွန်ကန်မြို့တွင်လည်းကောင်း၊ အသက် ၄၃ နှစ်စီရှိကြသည့် ဆိုရာဝီး နှင့် ကော်တီရတ်တို့ကို ချင်းရိုင်မြို့တွင်လည်းကောင်း တရားမဝင်သေနတ်များ၊ ကျည်ဆန်များနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုင်ဘာရာဇဝတ်မှု စုံစမ်းရေးဗျူရိုမှ ရဲမင်းကြီး ခွန်ချိုင်းကလိပ်လျောင်က ပြောသည်။

အဆိုပါလက်နက်အားလုံး၏ တန်ဖိုး သန်း ၅၀ ခန့်ရှိပြီး ထိုင်းပြည်နယ်နှစ်ခုတွင် နေရာ ၅ နေရာခွဲ၍ ထားရှိကြောင်း သိရသည်။

ရဲများသည် ခွန်ကန်မြို့နယ်၊ မြောင်ဒေသ၊ စီလာရပ်ကွက် မစ္စတာဒန်နျူနိုင်းပိုင်ဆိုင်သည့် နေအိမ် ၃ လုံးကို ဝင်ရောက်ရှာဖွေခဲ့ကြရာ တရားမဝင် ရိုင်ဖယ် ၁၄၁၄ လက်၊ မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စတို ၁၂၂ လက်နှင့် ခဲယမ်းမီးကျောက် ၉၂၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ချင်းရိုင်ရှိ ရဲများက လေသေနတ်ဆိုင် နှစ်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိသော ရိုင်ဖယ် ၁,၇၈၆ လက်၊ တရားမဝင်ပစ္စတို ၂၂၄ လက်နှင့် ကျည်ဆန်အတောင့်ပေါင်း ၅၇,၅၀၀ တို့ကို တွေ့ရှိခဲ့သည်။

မစ္စတာ ဒန်နျူးချိုင်းသည် ဘန်ကောက်နှင့် ထိုင်းတောင်ပိုင်းပြည်နယ်များရှိ ရောင်းချသူများထံမှ သေနတ်များနှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများ မှာယူခဲ့ကြောင်း၊ ယင်းသေ နတ်များကို အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်၊ တူရကီ၊ စပိန်နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းပြည်တွင်းသို့ ခိုးသွင်းလာခြင်းဖြစ်ကြောင်း ရဲမင်းကြီး ခွန်ချိုင်းက ရှင်းပြသည်။

မစ္စတာဒန်နျူးချိုင်းသည် သေနတ်များကို ကြော်ငြာရန် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတဝန်းမှ ဝယ်ယူသူများကို Line chat app မှတစ်ဆင့် ရွေးချယ်စေပြီး ဘဏ်လုပ်ငန်းဖြင့် ငွေပေးချေစေခဲ့ကြောင်း၊ ဝယ်ယူသူများထံ ကုန်ပစ္စည်းများ ပါဆယ်ထုပ်ပိုးပို့ဆောင်ပေးသည့်ကုမ္ပဏီများမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း ရဲမင်းကြီးက ဆက်လက်ရှင်းပြသည်။

အဆိုပါလက်နက်ဂိုဏ်းသည် ၎င်းတို့ရောင်းချသည့်ပစ္စည်းများကို YouTube ချန်နယ်တည်ထောင်၍ ပြသရောင်းချခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

Source: Bangkok Post

#Gun
#LineChatApp
#Pistol
#Thai
#Turkey
#China
#Bank
#Youtube
#Indonesia
#Sweden
#American
#CNINews
#CNIMyanmar
#ChannelNewsIndependent

 

CNI TV Youtube Channel - - - https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw