CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေးမှာ ပြောသည်။

ဖမ်းဆီးရမိသော တရားမဝင်ကုန်သွယ်သည့် ကုန်စည်များကို ကြည့်လျှင်သွင်းကုန်ပစ္စည်းများအနေဖြင့် လူသုံးကုန်နှင့် စား သောက် ကုန်များဖြစ်ပြီး မိမိတို့၏ ပို့ကုန်ပစ္စည်းများသည် နိုင်ငံ၏ အဖိုးတန် သယံဇာတတစ်မျိုးတည်းဖြစ်နေသည်ကို တွေ့ရ ကြောင်း၊ သယံဇာတဟုဆိုရာတွင် သစ်မျိုးစုံ၊ ကျောက်စိမ်းနှင့်သတ္တုများအပြင် သဘာဝတောရိုင်း တိရိစ္ဆာန်များလည်း ပါဝင် နေကြောင်း၊ ရုပ်ဝတ္တုပစ္စည်းများကို တန်ဖိုးသတ်မှတ်၍ ရနိုင်သော်လည်း ရှားပါးတိရိစ္ဆာန်များသည် တန်ဖိုးဆုံးဖြတ်၍ မရ ကြောင်း၊ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို အမျိုးသားရေးအသိအမြင်ဖြင့် ဝိုင်းဝန်းတားဆီးကြရမည်ဟု ၎င်းက ပြော သည်။

နစကဒုဥက္ကဋ္ဌက “ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှုများတွေ့ရသော်လည်း ကမ်းရိုးတန်းဆိပ်ကမ်းများ ၌ ဖမ်းဆီးရမိမှု မရှိသေးသည့်အတွက် စစ်ဆေးအရေးယူမှုများကို ထိရောက်စွာဆောင်ရွက်ကြရမည်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု သုံးသပ်ရရှိတယ်”ဟု ပြောသည်။

မြန်မာ/တရုတ်နယ်စပ်ကုန်သွယ်ရေး

ထို့နောက် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်ခဲ့ရာ ယခင်ကထက်စာလျှင် တိုးတက်မှုရှိသော်လည်း အားရကျေနပ်ဖွယ်မရှိသေးကြောင်း၊ ဖမ်းဆီးရမိမှုများ စိစစ် ရာတွင် မြေပြင်စစ်ဆေးရေးအဖွဲ့များအနေဖြင့် ပုံမှန်စစ်ဆေးခြင်းများနှင့် ကုန်ချစစ်ဆေးခြင်းများ ဆောင်ရွက်ရန် လိုအပ်နေ သည်ကို  တွေ့ရကြောင်း၊ အထူးသဖြင့် လိုင်စင်မဲ့ယာဉ်များ တားဆီးစစ်ဆေးအရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများ အနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရမည်ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က သွင်းကုန်ယာဉ် ၁ စီးကို မူဆယ်(၁၀၅)မိုင်တွင် တားဆီးစစ်ဆေးရာ တရားမဝင် တစ်ဖက် နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇ ဒသမ ၇၃ သန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှု ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည် ကုန်သွယ်မှု အသင့်အတင့်ရှိနေပြီဖြစ်သော် လည်း မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်း၌ ဖမ်းဆီးရမိမှုများ နည်းပါးနေသေးသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းရှိ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ကြရမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ၁၁ လတာ အတွင်း ၁၉၂၉ မှုနှင့် တန်ဖိုးကျပ် ၇၄၁၂ ဒသမ ၃၇၀ သန်း ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများ ဖမ်းဆီးရမိအမှုတွဲ ၁၃ မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆ ဒသမ ၃၅၆ သန်း ဖမ်းဆီးရမိခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိအမှုတွဲ ၂၉၈ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၂၃ ဒသမ ၅၀၃ သန်းကို ဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်ခဲ့သည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။