CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

ထိုင်းအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် H.E. Mr. Mongkol Visitstump ကို တာဝန် ပေးခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၇ ရက်) နံနက် ၁၀ နာရီက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ခန့်အပ်လွှာပေးခဲ့သည်။

ထို့နောက် ထိုင်းသံအမတ်ကြီးနှင့် နစကဥက္ကဋ္ဌတို့ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးများ တိုးမြှင့် ဆောင် ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ် ကုန်သွယ်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

 

H.E. Mr. Mongkol Visitstump နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တွေ့ရစဉ်

အလားတူ ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump သည် နစက၏ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုနှင့် တရားမဝင် အလုပ်သမား တိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။