CNI International News
ဘေဂျင်း၊ ဇူလိုင် ၂၉
တရုတ်သည် ဟိမဝန္တာ ဒေသတွင် ကြီးမားသည့် ရေကာတာကြီး တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာကြာ အချိန်ယူပြီး တည်ဆောက်ခဲ့ရခြင်းပြီး ထိုရေကာတာကြီးကို နှစ်ပေါင်း ၇၀ ကျော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုရေကာတာကြီးသည် လက်ရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေကာတာကြီးဖြစ်သည့် ချောက် ၃ ခု ရေကာတာ (Three Gorges Dam) ဖြစ်သည်။
ယန်ဇီ (Yangtze) မြစ်ပေါ်တွင် ကြီးမားသည့် ရေကာတာ တည်ဆောက်ရေး အစီအစဉ်ကို ၁၉၁၉ ခုနှစ်က ဒေါက်တာဆွန်ယက်ဆင် (Sun Yat‑sen) ပထမဆုံးအကြိမ် အိုင်ဒီယာရခဲ့ရမှ နောက်ပိုင်းတွင် လေ့လာမှုများကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၁၉၃၀ ပြည့်နှစ်များတွင် တရုတ်၊ ဆိုဗီယက်နှင့် အမေရိကန် အင်ဂျင်နီယာများသည် ယန်ဇီမြစ် ဖြတ်သန်းစီးဆင်း နေသည့် ချောက်နက် ၃ ခု တည်ရှိသည့်နေရာကို လေ့လာခဲ့ကြသည်။
Three Gorges Dam ရေကာတာကို တွေ့ရစဉ်
၁၉၄၄ ခုနှစ်တွင် အမေရိကန်-တရုတ် လေ့လာရေးအဖွဲ့သည် ထိုနေရာ၌ ကြီးမားသည့် ရေကာတာ တည်ဆောက် နိုင်ကြောင်း အတည်ပြုခဲ့ကြသည်။
ထို့နောက် ၁၉၅၁ ခုနှစ်က တရုတ်အစိုးရသည် ချင်ဟွမ်-တိဘက် ကုန်းပြင်မြင့် (Qinghai-Tibet Plateau) ဒေသသို့ ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာရှင်များကို လေ့လာရေးခရီး စေလွှတ်ခဲ့သည်။
သုတေသနပညာရှင် ၅၀ ကျော်သည် ဘာရိုမီတာများ၊ သံလိုက်အိမ်မြောင်များ၊ အခြား အခြေခံပစ္စည်း ကိရိယာ များနှင့်အတူ စစ်တပ်၏ အကာအကွယ်ဖြင့် လေ့လာရေးခရီး ထွက်လာခဲ့ကြသည်။
ထိုအဖွဲ့သည် အရှေ့ဘက် Jinsha မြစ်မှ အနောက်ဘက် ဧဝရတ်တောင်၊ တိဘက်တောင်ပိုင်း ယာလန်း တီဆန်ပို (Yarlung Tsangpo)မြစ်အထိ လေ့လာရေးကို ၃ နှစ်နီးပါးကြာ လုပ်ဆောင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် ကျွမ်းကျင်သူများက ဂေဟစနစ် ထိခိုက်မှု၊ မြေပြိုမှု အန္တရာယ်များကို သတိပေးခဲ့သလို ပြည်သူလူထုကလည်း ထိုရေကာတာ တည်ဆောက်ရေး အစီအစဉ်အား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆန့်ကျင်မှုများ ရှိခဲ့သည့်တိုင် ရေကာတာ တည်ဆောက်လိုသည့် အရာရှိများသည် အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ခဲ့သည်။
Three Gorges Dam ရေကာတာကို တွေ့ရစဉ်
ထို့နောက် ၁၉၉၂ ခုနှစ်၊ ဧပြီလတွင် တရုတ်လွှတ်တော်၌ ရေကာတာ တည်ဆောက်ရေးကို မဲခွဲဆုံး ဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၇ ရာခိုင်နှုန်းဖြင့် ရေကာတာ တည်ဆောက်ရေး အစီအစဉ်သည် လွှတ်တော်၏ ခွင့်ပြုချက် ရရှိခဲ့ သည်။
ထို့နောက် ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရေကာတာကို စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။
ထိုရေကာတာ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်အားလုံးကို ၂၀၁၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။
လက်ရှိတွင် ထို Three Gorges Dam ရေကာတာသည် ပုံမှန်အခြေအနေတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၃၀၀ သန်း ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်ပြီဖြစ်သည်။
ထိုရေကာတာ တည်ဆောက်ရေးကို ပထမဆုံးအကြိမ် အိုင်ဒီယာရခဲ့သည့် ခုနှစ်မှာ ၁၉၁၉ ခုနှစ်ဖြစ်ပြီး စတင် လည်ပတ်သည့် ခုနှစ်မှာ ၂၀၁၂ ခုနှစ်ဖြစ်သဖြင့် အချိန် ၉၃ နှစ်ကြာမြင့်ခဲ့သည်။
ထိုရေကာတာ တည်ဆောက်ရေးအတွက် ပထမဆုံး လေ့လာရေးအဖွဲ့ စေလွှတ်သည့် အချိန်သည် ၁၉၅၁ ခုနှစ် ဖြစ်ပြီး ယခုတွင် ၂၀၂၅ ခုနှစ်ဖြစ်သဖြင့် ရေကာတာ တည်ဆောက်မှု အစီအစဉ်နှင့် ထိန်းသိမ်းထားသည့် နှစ် အရေအတွက်သည် ၇၄ နှစ်ဖြစ်သည်။
Source: South China Morning Post