CNI International News

ပေကျင်း၊ မတ်လ ၁၁

တရုတ်သည် တိဘက် ဘော်ဒါဆောင် စာသင်ကျောင်းများတွင် တိဘက်ဘာသာစကားအစား မန်ဒရင်း တရုတ်ဘာသာစကားဖြင့် အစားထိုးသင်ကြားပြသရန် လုပ်ဆောင်နေသည်ဟု ဘီဘီစီမှ ဖော်ပြခဲ့သည်။

မန်ဒရင်း တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် တိဘက်ပညာရေး လူမှုဗေဒပညာရှင် ကီယယ် လို (Gyal Lo) ကမူ တရုတ်သည် တိဘက်ဒေသတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး သူသည် မန်းဒရင်းကို တက်မြောက်သော်လည်း ထိုဘာသာစကားကို ပြောဆိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကမူ ထိုပြုပြင်ပြောင်းလဲမှုများသည် တိဘက်ကလေးများ အရွယ်ရောက်လာပါက တရုတ်နိုင်ငံ၏ အဓိက ဘာသာစကားဖြစ်သည့် မန်ဒရင်း တရုတ်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်စွာဖြင့် ဆက်သွယ် ပြောဆိုနိုင် စေရန် ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိဘက်ပညာရေး လူမှုဗေဒပညာရှင် ကီယယ်လိုကို တွေ့ရစဉ်

သို့သော် ဒေါက်တာ ကီယယ်ကမူ တရုတ်၏ စစ်မှန်သည့် ရည်ရွယ်ချက်မှာ တိဘက်လူ့အဖွဲ့အစည်း၏ လူငယ် များကို ပစ်မှတ်ထားခြင်းအားဖြင့် တိဘက်တို့၏ ကိုယ်ပိုင်လက္ခဏာကို လျော့ပါးပျောက်ကွယ်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆထားသည်။

“သူတို့က လူငယ်တွေကို အနာဂတ်မှာ တိဘက် ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ လေ့လာသင်ကြားခွင့် မရနိုင် တော့မယ့် သင်ရိုးတွေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ တရုတ်ဟာ တိဘက် လူမှုရေး စွမ်းဆောင်ရည်တွေကို အနည်း ဆုံးအထိ လျှော့ချဖို့ ပညာရေးကို လက်ကိုင်တုတ်သဖွယ် အသုံးချနေပါတယ်”ဟု ကီယယ်က ပြောကြားခဲ့သည်။

ပြည်ပလူ့အခွင့်အရေးအဖွဲ့များကမူ တရုတ်သည် တိဘက်ဒေသတွင် အနိုင်ကျင့် ဗိုလ်ကျမှုများကို ပြုလုပ်ခဲ့ ကြောင်း ဆယ်စုနှစ်များစွာကြာ ပြောဆိုခဲ့ကြသော်လည်း ထိုပြောဆိုမှုများသည် မကြာသေးမီ နှစ်များအတွင်း လျော့ကျသွားခဲ့သည်။

တိဘက်ဒေသ စာသင်ကျောင်းမှာ တရုတ် မန်ဒရင်းဘာသာစကားကို ရေးသားထားစဉ်

အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရ၏ အနောက်မြောက်ပိုင်းက ရှင်ကျန်း (Xinjiang) ဒေသရှိ ဝီဂါ မွတ်ဆလင် များအပေါ်  ဆက်ဆံမှုနှင့် ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုများအပေါ် နိုင်ငံတကာက အာရုံ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။

သို့သော် တရုတ်အရာရှိများသည် တိဘက်တွင်လည်း ခြေရှုပ်ခဲ့ကြသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်အစိုးရသည် တိဘက်ဘာသာစကား သင်ကြားသည့် ကျေးရွာ စာသင်ကျောင်း များနှင့် ပုဂ္ဂလိက စာသင်ကျောင်း တစ်ကျောင်းကို ပိတ်ခဲ့ပြီး ဘော်ဒါဆောင် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားမှုကို တိုးမြှင့်ခဲ့သည်။

Source: ဘီဘီစီ