CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ကို စုစုပေါင်း ၈ ဦး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ထုတ်ပြန် ကြေညာခဲ့ သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဒေါ်သန်းသန်းဆွေ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဒေါက်တာ လင်းအောင်၊ ဦးသက်ထွန်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဒေါက်တာရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့်၊ ဒေါက်တာ ဇော်ဦးတို့ဖြစ်ကြသည်။