CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈

MOU အလုပ်သမားများ သက်တမ်းတိုးရေးအတွက် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန် မလိုအပ်ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည် ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်နှင့်အထက် ကျန်ရှိနေသည့် MOU သမားများသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အလုပ်သမား အများအပြားသည် နေရပ်ပြန်၍ သက်တမ်းတိုးပါက အချိန်ကြန့်ကြာနိုင်သဖြင့် MOU လုပ်ငန်းစဉ်ကို ဖျက်သိမ်း၍ အမည်စာရင်း(Name List) တင်ထားခြင်း၊ ဘတ်(အလုပ်လုပ်ခွင့်)ကဒ်များ လျှောက် ထားကြခြင်းတို့ ပြုလုပ်ထားကြပြီ ဖြစ်သည့်အတွက် ထုတ်ပြန်ချက်သည် နောက်ကျလွန်းနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က“အဓိကကတော့ လုပ်ငန်းစဉ်အနေနဲ့ ပြော မယ်ဆိုရင် ဒီလိုကူညီပေးတာက ကောင်းတဲ့အရာဖြစ်တယ်။ သူလာတဲ့ အေဂျင်စီနဲ့သူ တိုက်ရိုက် ကိုယ့် အလုပ် သမားတွေကို ကိုယ် စနစ်တကျ ကုန်ကျစရိတ် သက်သာအောင် လုပ်ပေးတာကတော့ သိပ်ပြဿနာ မတွေ့ရဘူး။ သို့သော်လည်း ခုနက ပြောသလိုမျိုး ကိုယ့်အေဂျင်စီနဲ့ ကိုယ်မဟုတ်ဘဲနဲ့ တခြားသောပွဲစားတွေ ဆီကနေတဆင့် သွားလာ လှုပ်ရှားမှုတွေ ရှိလာမယ်ဆိုရင် နောက်ဆုံးတော့ ဘယ် process ပဲလုပ်လုပ်၊ ဘယ်လိုပုံစံမျိုးပဲ လုပ်လုပ် အလုပ်သမားတွေက ပိုပြီးတော့ ကုန်ကျစရိတ်တွေ များပြီးတော့ နစ်နာနေတဲ့ အတွက်ကြောင့် ပြဿနာတွေ ရှိနိုင် တယ်။ ဥပမာ မြဝတီနဲ့ ကော့သောင်းမှာ လာပြီးတော့ MOU သက်တမ်း တိုးမယ့်အုပ်စုတွေအနေနဲ့ နံပါတ်တစ် ဘာလုပ်ရမယ်။ နံပါတ်နှစ် ဘာလုပ်ရမယ်။ နံပါတ်သုံး ဘာလုပ်ရမယ် ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်တယ် ဆိုတာကို စနစ်တကျ ထုတ်ပြန်ထားဖို့လိုတယ်။ ကိုယ့်ဘာသာကိုယ် ကုန်ကျစရိတ်နဲ့ လာမယ်ဆိုရင် ၄၅၀-၅၀၀ ဘတ်ဆိုရင်တော့ သွားလာလို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် အေဂျင်စီကတဆင့် ခေါ်တဲ့အခါကျမှ တစ်ယောက်ကို ၂၀၀၀-၃၀၀၀ ဘတ်တောင်းနေရင် ဒါကလည်း သိပ်ပြဿနာများလာတဲ့အနေအထားမှာ ရှိတယ်” ဟု ပြောသည်။

ထိုသို့ One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင်အသီးသီးသို့ ရက်တိုတိုနှင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဉ်အား မကြာမီကာလ၌ ဆောင်ရွက်ပေးသွားမည် ဖြစ်သောကြောင့် လုပ်ငန်းခွင်၏ HR Manager များ၊ တာဝန်ရှိသူများသို့ အသိပေးထားကြရန်၊ စတင်ဖွင့်လှစ်မည့်ရက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

MOU အလုပ်သမား အများအပြားသည် အခြားသော အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ထားပြီး ဖြစ်၍ ယခုကဲ့သို့ မြန်မာနိုင်ငံပြန်ပြီး သက်တမ်းတိုး လုပ်ငန်းစဉ်များအား ဆောင်ရွက်ကြမည် မဟုတ်တော့ ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ကြသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “MOU မှာမှ ၄ နှစ်အုပ်စုကို ဆိုလိုတာ။ ၆ နှစ်အုပ်စုကတော့ အဲဒီ လိုမျိုး ဒီထဲမှာ မပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နယ်စပ်မှာ ပြန်လုပ်ရမယ်ဆိုရင်လည်း အဲဒီတစ်လအတွင်း ဆိုတဲ့  ဟာက အဲဒီ အတောအတွင်းမှာ အဲဒီကာလမှာ ဘယ်လိုလုပ်ပြီးတော့ နေရေး၊ ထိုင်ရေး၊ စားရေး သောက်ရေး ကိစ္စက ပိုပြီးတော့ ကြီးမားမယ်လေ။ အများစု ကတော့ ဒီလမ်းကြောင်းကို ရွေးပါ့မလားပေါ့။ များသောအားဖြင့် က ဒီစက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ ဆိုလို့ ရှိရင် သူတို့ရဲ့ အလုပ်ရှင်တွေ၊ မန်နေဂျာတွေကကြတော့ ပွဲစားတွေ အေဂျင်စီတွေနဲ့ ချိတ် ထားတာ။ သူတို့က အဲဒီအတိုင်းပဲ သွားကြရမှာ။ အဲဒီကတောင်းတဲ့ အကြမ်းဖျင်း ဈေးအတိုင်း အလုပ်သမားတွေ က ပေးရမယ့် သဘောရှိတယ်။ ဒါပေမယ့် အလုပ်သမားအများစုက လုပ်မလား၊ မလုပ်ဘူးလားပေါ့။ အဲဒီကာလ အတောအတွင်းမှာ ရက်တိုတို အတောအတွင်းမှာ ရဖို့ပေါ့နော်။ အဲဒီ ကုန်ကျ စရိတ်တွေက တော်တော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပဲ။ အလုပ်ရှင်တွေက ဥပမာ စိုက်ပေးပြီးတော့ လုပ်တာ တွေ ဖြစ်မှာပါပဲ။ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ထိုင်းတွင် အလုပ်လုပ်နေသည့် အချို့သော MOU လုပ်သားများသည် ပတ်စ်ပို့သက်တမ်း တစ်နှစ်ကျန်ရှိသေးသော် လည်း မြန်မာနိုင်ငံ မပြန်ဘဲ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပတ်စ်ပို့သက်တမ်း ကုန်ဆုံး၍ အသစ်ပြန်လျှောက်ကြခြင်းဖြစ်ပြီး ထိုသို့ အသစ်လျှောက်သည့် အခါ တွင် ပျောက်ဆုံး/ပျက်စီးများအတွက် ဒဏ်ကြေး ဘတ် ၃၆၅၀ ပေးဆောင်စေရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် တွင် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။