
- By CNI
- Category: အားကစား
- Hits: 463
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကိုပင်ဟေဂင်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ရဲ့ ရလဒ်ကို ကျေနပ်တယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အကြီးကျယ်ဆုံးကစားသမားတွေဟာ အကြီးကျယ်ဆုံးအဆင့်တွေမှာ ထွက်ပေါ်လာပါတယ်။ ဒီနေ့ကစားပုံဟာ ပြီးပြည့်စုံခဲ့ပြီး ရလဒ်ကို အလွန်ကျေနပ်ပါတယ်။ အသင်းအတွက် ကျနော်ဂုဏ်ယူမိပြီး တတိယဂိုးက ကျနော်တို့ကို အများကြီးအကူအညီပေးနိုင်ခဲ့ပါတယ်။ ပွဲမပြီးသေးတဲ့အတွက် အိမ်ကွင်းမှာ ပြီးဆုံးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပွဲအပြီး TNT Sports ကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲမှာ ကိုပင်ဟေဂင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ပြီး ကိုပင်ဟေဂင်အသင်းအတွက် ချေပဂိုးကို မတ်ဆန်က သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာ ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာနိုင်ပွဲအရှည်ကြာဆုံး ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုပင်ဟေဂင်အသင်းနဲ့ပွဲမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂရီလစ်ရှ်နဲ့ ဘာနာဒိုဆေးလ်ဗား တို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာအတွက် စိုးရိမ်စရာတွေဖြစ်ခဲ့ရပါတယ်။
ဂွာဒီယိုလာက “ကျနော် ဆရာဝန်နဲ့ စကားမပြောရသေးပေမယ့် ဂရီလစ်ရှ်ဟာ ကြွက်သားဒဏ်ရာရရှိသွားတယ်လို့ ထင်ပါတယ်။ သူဟာ ကျနော်တို့ အကောင်းဆုံးကစားနိုင်အောင် ကူညီပေးခဲ့ပေမယ့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဘာနာဒိုကတော့ ခြေကျင်းဝတ်ထိခိုက်မိခဲ့တာဖြစ်ပြီး အရမ်းကြီးမပြင်းထန်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Soure:ChannleNewsAsia

- By CNI
- Category: အားကစား
- Hits: 372
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲမှာ ကွင်းအတွင်း ပစ်ချခဲ့တဲ့ မိုးကြိုးကို ထိမှန်ခဲ့တဲ့ ဘောလုံးသမားတစ်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဆူဘန်းကစားသမား ရာဟာဂျာဟာ မိုးကြိုးပစ်ခံခဲ့ရတာကြောင့် ကွင်းအတွင်း လဲကျသွား ခဲ့ပြီးနောက် သူ့ကို ဆေးရုံ အလျင်အမြန် ပို့ဆောင်ခဲ့ကြတာပါ။
ဒါပေမယ့် ရာဟာဂျာဟာ ဆေးရုံကို ရောက်အပြီးမှာ သေဆုံးသွားခဲ့တယ်လို့ ဝမ်းနည်းစွာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ဒေါင်းနဲ့ ဆူဘန်းအသင်းတို့ ဆီလီဝန်ဂီ အားကစားကွင်းအတွင်း ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ချိန် ပထမပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ။
ကလေး ၂ ဦးရဲ့ ဖခင် ရာဟာဂျာဟာ ဒီအဖြစ်အပျက်မှာ မိုးကြိုးထိမှန်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာ မြင်တွေ့ခဲ့ရပါတယ်။
ရာဟာဂျာကို မိုးကြိုးထိမှန်စဉ်
ရာဟာဂျာဟာ ရင်ဘတ်နဲ့ ပေါင်တွေမှာ ပြင်းထန်တဲ့ လောင်ကျွမ်းဒဏ်ရာတွေရရှိခဲ့ပြီး ကစားသမားတွေဟာ သူ့ကို ဆေးကုသမှုခံယူနိုင်ဖို့အတွက် ကွင်းပြင်ကို ပို့ဆောင်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း အင်ဒိုနီးရှား ကစားသမားတစ်ဦးဟာ မိုးကြိုးထိမှန်ခဲ့ပြီးနောက် ဒီဖြစ်ရပ်ဟာ ဒုတိယအကြိမ် မြောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က လူငယ်ဘောလုံးသမားတစ်ဦးဟာ ယူ-၁၃ ဖလားပြိုင်ပွဲမှာ မိုးကြိုးထိမှန်ခဲ့ပြီးနောက် နှလုံးခုန် ရပ်သွားခဲ့ပါတယ်။
ဒီဘောလုံးသမားကို ဆေးရုံကို အလျင်အမြန် ပို့ဆောင်ကာ ကုသမှုတွေ ခံယူခဲ့တာကြောင့် ပြန်လည် ရှင်သန်လာ ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဘောလုံးပွဲတွေမှာ အသင်းတွေဟာ ရာဟာဂျာရဲ့ အဖြစ်အပျက်အတွက် ဝမ်းနည်းတဲ့အနေနဲ့ ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 439
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုက အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီကို ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့အတွက် တံခါးဖွင့်ထားတယ်လို့ ပြောလိုက်ပါတယ်။
မာရှေယာနိုက “ကျနော်နဲ့ မက်ဆီရဲ့ ဆက်ဆံရေးကို လူတိုင်းသိထားပြီးသားပါ။ သူ့လို ကစားသမားတစ်ဦးကို အိုလံပစ်မှာ ကျနော်တို့နဲ့အတူ ပါဝင်ဖို့အတွက် တံခါးတွေ ဖွင့်ထားပါတယ်။ ဒါက သူနဲ့ သူ့ရဲ့ ကတိကဝတ်တွေ အပေါ်မှာပဲ မူတည်တယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ အိုလံပစ်ခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အာဂျင်တီးနား ယူ-၂၃ အသင်း အိုလံပစ်ဝင်ခွင့်ရခဲ့ပြီးနောက် သူ့ရဲ့ အင်စတာဂရမ်ကနေ ဂုဏ်ပြုမှုပြုလုပ်ခဲ့တာပါ။
အာဂျင်တီးနား ယူ-၂၃ အသင်း ကွင်းလယ်လူ အယ်လ်မာဒါကလည်း မက်ဆီကို အိုလံပစ်အသင်းမှာ ပါဝင် စေချင်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီနဲ့ မာရှေယာနိုကို တွေ့ရစဉ်
မက်ဆီဟာ အာဂျင်တီးနား ယူ-၂၃ အသင်းနဲ့အတူ ၂၀၀၈ ခုနှစ်က ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာပါ။
နိုင်ငံတကာအိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က အိုလံပစ်အားကစားပြိုင်ပွဲမှာ မက်ဆီ ပါဝင် ကစားခဲ့မယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲအတွက် အလွန်ကောင်းမွန်မယ်လို့ ပြောခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေဟာ အသက် ၂၃ နှစ်အထက် ကစားသမားအချို့ကို လူစာရင်းထဲ ရွေးချယ်ခွင့်ရှိတာကြောင့် အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
ဒါပေမယ့် မက်ဆီဟာ ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ဘောလုံးပွဲစဉ်တွေကို ဇူလိုင် ၂၄ ရက်မှာ စတင် ကျင်းပမှာဖြစ်လို့ မက်ဆီအတွက် ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ဖို့ ခက်ခဲနိုင်တာပါ။
မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေတဲ့ အချိန်မှာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အချို့ ကို လွဲချော်ဦးမယ်လို့ သိရပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 517
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
စီးရီးအေပြိုင်ပွဲဝင်အသင်းတွေရဲ့ ရှယ်ယာရှင်တွေဟာ မီလန်မှာတွေ့ဆုံပြီးနောက် ကလပ်အသင်းတွေဟာ လိဂ် ပြိုင်ပွဲကို အသင်းအရေအတွက် ၂၀ နဲ့ ဆက်ပြီးကျင်းပဖို့ မဲပေးခဲ့ကြတယ်လို့ လိဂ်တာဝန်ရှိသူက ပြောခဲ့ပါတယ်။
စီးရီးအေပြိုင်ပွဲကို အသင်းအရေအတွက် ၂၀ ကနေ ၁၈ သင်းအထိ လျှော့ချပြီးကျင်းပဖို့ ဂျူဗင်တပ်စ်၊ အင်တာ မီလန်၊အေစီမီလန်နဲ့ ရိုးမားအသင်းတို့ ၄ သင်းကသာ ထောက်ခံမဲပေးခဲ့ကြတာပါ။ အဲဒါကြောင့် ၂၀၀၄-၅ ရာသီ ကတည်းက ကျင်းပခဲ့တဲ့ အသင်း ၂၀ နဲ့ပဲ စီးရီးအေပြိုင်ပွဲကို ဆက်ပြီးကျင်းပတော့မှာ ဖြစ်ပါတယ်။ အီတလီ ထိပ်တန်းကလပ်အသင်းတွေဟာ ကစားနေရတဲ့ပွဲအရေအတွက်ကို လျှော့ချဖို့နဲ့ ဘောလုံးအရည်အသွေးကို တိုးမြှင့်ဖို့အတွက် အသင်းအရေအတွက် လျှော့ချဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့တာပါ။
ဂျူဗင်တပ်စ်၊အေစီမီလန်၊အင်တာမီလန်နဲ့ ရိုးမားအသင်းတို့ဟာ စီးရီးအေပြိုင်ပွဲကို အသင်းအရေအတွက် လျှော့ချ ပြီးကျင်းပဖို့ ကြိုးပမ်းခဲ့တာကြောင့် အခြားကလပ်အသင်းဒါရိုက်တာတွေ ရဲ့ဝေဖန်မှုပြုလုပ်တာ ခံခဲ့ရပါတယ်။ ပြုပြင်ပြောင်းလဲမှုပြုလုပ်မယ့် အဆိုပြုချက်ကို မတ်လမှာကျင်းပမယ့် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံမှာတင်ပြသွားမယ်လို့ သိရတာပါ။ တိုရီနိုအသင်းအကြီးအကဲ ကိုင်ရိုက မေးခွန်းထုတ်နေတဲ့ ကလပ် အသင်းတွေရဲ့ သဘောထားက မှားနေတယ်လို့ သူထင်ပြီး သူတို့လုပ်ချင်နေတဲ့ အရာက စူပါလိဂ်တစ်ခုလိုပါပဲလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
စီးရီးအေပြိုင်ပွဲကို အရင်က ၁၈ သင်းနဲ့ ၂၀၀၃-၀၄ ရာသီအထိကျင်းပခဲ့ပြီး ၂၀၀၄-၀၅ ရာသီကစတင်ကာ အသင်း ၂၀ နဲ့ ပြောင်းလဲပြီးကျင်းပခဲ့တာပါ။ ဒီရာသီကျင်းပနေတဲ့ စီးရီးအေပြိုင်ပွဲဟာ ပွဲစဉ် ၂၄ အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး အင်တာမီလန်အသင်းဟာ အဆင့် ၂ နေရာက ဂျူဗင်တပ်စ်အသင်းကို ၁ ပွဲလျော့ ရမှတ် ၇ မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ အေစီမီလန်၊အတ္တလန္တာ၊ဘိုလော့ဂ်နာနဲ့ ရိုးမားအသင်းတို့ဟာ ထိပ်ဆုံး ၆ သင်းထဲ ဝင်ရောက်နေတာပါ။
ဗီရိုနာ၊ ကာဂလီယာရီနဲ့ ဆလာနီတာနာအသင်းတို့ကတော့ တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ အဖြစ် ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းမှာကစားခဲ့တာမှာ ၃ ဂိုး-၁ ဂိုး နဲ့ အနိုင်ရပြီး လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဦးဆောင်ဂိုးကို ပဲလေ့စ်အသင်းက စတင်သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် ၃၀ မှာ လာမာက သွင်းယူခဲ့ တာပါ။ ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကို ၄၇ မိနစ်မှာ ဂါလက်ဂါက သွင်းယူခဲ့ပြီး အနိုင်ဂိုးတွေကို ၉၁ မိနစ်မှာ ဂါလက်ဂါနဲ့ ၉၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၂ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တာကို ရပ်တန့်နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ ဒီပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂါလက်ဂါကို တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဂါလက်ဂါဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တွေမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပေမယ့် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။
ပိုချက်တီနိုက “သူဟာ အသင်းအတွက် ကြီးမားတဲ့ကတိကဝတ်ရှိ ကစားသမားတစ်ဦးဖြစ်သလို တန်ဖိုးမဖြတ်နိုင် တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်တဲ့အကြောင်းကိုပဲ အမြဲတမ်း ပြောခဲ့ပါတယ်။ ဂါလက်ဂါဟာ အသင်းနဲ့ စာချုပ် ၁ နှစ်ကျန်ရှိနေသေးပြီး ဒါတွေက သူနဲ့ ကလပ်ရဲ့ ကိစ္စပါ”လို့ ပြောခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂါလက်ဂါဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲပါဝင်ကစားထားပြီး ပွဲအများ အပြားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းကတော့ ပဲလေ့စ်အသင်းကို အနိုင်ရ ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ၂၄ ပွဲကစားအပြီးမှာ ၃၄ မှတ်ရရှိထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 490
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
၂၀၂၃ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာတာအသင်းနဲ့ ဂျော်ဒန်အသင်းတို့ ကစားခဲ့တာမှာ ကာတာအသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ကာတာအသင်းအတွက် ဂိုးတွေကို တောင်ပံကစားသမား အဖစ်က ဟက်ထရစ်သွင်းယူခဲ့တာပါ။
အဖစ်ဟာ ဒီ ၃ ဂိုးစလုံးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂျော်ဒန်အသင်းအတွက် ချေပဂိုးကို အယ်လ်နိုင်မတ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ကာတာအသင်းဟာ ၂၀၁၉ က ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာကြောင့် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက်ရယူနိုင်ခဲ့တာပါ။
ကာတာအသင်းဟာ တောင်ကိုရီးယား၊ အီရန်၊ ဆော်ဒီနဲ့ ဂျပန်အသင်းတို့ပြီးနောက် အာရှဖလားချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်တဲ့ ၅ သင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။
ဂျော်ဒန်အသင်းကတော့ အာရှဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကာတာ အသင်းကို ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးတွေကြောင့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာပါ။
ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ အဖစ်ဟာ ဒီပြိုင်ပွဲမှာ ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံး ဂိုးသမားဆုကို ကာတာအသင်းဂိုးသမား ဘာရှမ်နဲ့ အသန့်ရှင်းဆုံး အသင်းဆုကို ကာတာအသင်းက ရရှိသွားခဲ့ပါတယ်။
Source: BBC Sport

- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
အယ်လ်အစ်တီဟတ်အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေတဲ့ တိုက်စစ်မှူး ဘန်ဇီမာ က ဆော်ဒီပရိုလိဂ်ရဲ့ စိန်ခေါ်မှုကို နှစ်သက်တယ်လို့ ပြောလိုက်ပါတယ်။
ဘန်ဇီမာက “ဆော်ဒီမှာရှိနေတာက ကျနော်နှစ်သက်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ရေရှည်စီမံကိန်းနဲ့ မူစလင်နိုင်ငံ လည်း ဖြစ်ပါတယ်။ ကျနော်ဟာ ဆော်ဒီမှာ ဘောလုံးသမားသာ မဟုတ်ဘဲ သံတမန်လည်း ဖြစ်ပါတယ်။ ကျနော် တို့ရဲ့ စိန်ခေါ်မှုက ဆော်ဒီလိဂ်ကို ဥရောပလိဂ်အဆင့်ကို ရောက်ရှိအောင် မြှင့်တင်ပေးဖို့ပါ။ နောက်ပိုင်းမှာ ဘာဖြစ် မလဲဆိုတာကို အချိန်က ပြောပြပေးမှာဖြစ်ပြီး ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်မလား၊ အဆုံးမသတ်ဘူး လားဆိုတာ ကျနော်ကိုယ်တိုင်ပဲ ရွေးချယ်မှာပါ”လို့ GQ Middle East ကိုပြောခဲ့တာပါ။
ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ဖိအားတွေကို ခံစားနေရတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါအပြင် ဘန်ဇီမာဟာ နည်းပြကသူ့ကို တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ဖို့ ညွှန်ကြားခဲ့တာကို ဒေါသထွက်ပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားခဲ့တာပါ။
ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ အယ်လ်တိုင်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်အစ်တီဟတ် အသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဘန်ဇီမာဟာ ဆော်ဒီမှာ ပျော်ရွှင်နေတယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဘန်ဇီမာဟာ ရာသီလယ် အားလပ်ရက်ကို ၁၇ ရက် နောက်ကျပြီးမှာ လာရောက်ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အယ်လ်အစ်တီဟတ်အသင်းနဲ့ ဆက်ဆံရေးအပိုင်းမှာ အဖုအထစ်တွေရှိလာခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က အသင်းအချို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အယ်အစ်တီဟတ်အသင်းက သူ့ကိုအသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 589
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီကို နည်းပြခွင့် ရရှိချင်တယ်လို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ဘယ်ကစားသမားကို နည်းပြချင်လဲဆိုရင်တော့ ဥပမာပြောရရင် မက်ဆီပါ။ သူဟာ နည်းပြမလိုတဲ့ ကစားသမားပါ။ သူဟာ အရာအားလုံးကိုသိပြီး မွေးဖွားလာတဲ့သူပါ။ သူကတောင် ပြန်ပြီးသင်ကြားမှုတွေ ပြုလုပ် နိုင်ပါတယ်။ ကျနော်သာဆိုရင် သူ့ကို အသင်းမှာထားရှိရတာ ဂုဏ်ယူတယ်ဆိုပြီးပဲ ပြောမှာပါ။ နောက်ထပ် ကစားသမားတွေက ဒီရော့စီနဲ့ တော့တီပါ။ သူတို့တွေကတော့ ရိုးမားမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျနော်နည်းပြဘဝမှာ နည်းပြအဖြစ် ကိုင်တွယ်ချင်တဲ့သူတွေပါ”လို့ ပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းအများအပြားနဲ့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိအချိန်ထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးပါဘူး။
အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝမှာ ရော်နယ်ဒို၊ ဝိန်းရွန်နီ၊ ဒရော့ဘာ၊ ဖရန့်လမ်းပတ်၊ ဟာဇက်တို့ အပါအဝင် နာမည်ကြီး အများအပြားကို ကိုင်တွယ်ထားတာပါ။
ဒါပေမယ့် မက်ဆီကို ကိုင်တွယ်ရခြင်း မရှိသေးတာကြောင့် မော်ရင်ဟိုဟာ မက်ဆီကို နည်းပြခွင့် ရချင်နေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထင်ကြေး ထွက်ပေါ် နေချိန်မှာ မက်ဆီအကြောင်းကို ပြောခဲ့လို့ မေဂျာလိဂ်ကလပ်ရဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
အင်တာမိုင်ယာမီအသင်းကို မာတီနိုက နည်းပြအဖြစ် ကိုင်တွယ်နေပြီး မနှစ်ကရာသီ လိဂ်ဖလား ရယူပေးနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြောင့် မော်ရင်ဟိုကို စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာပါ။
မော်ရင်ဟိုဟာ နောက်ကိုင်တွယ်မယ့် အသင်းကို အချိန်ယူ ဆုံးဖြတ်နေပြီး မကြာသေးခင်က အသင်းဟောင်း ယူနိုက်တက်အသင်းထံ ပြန်လာနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒါအပြင် မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီးအသင်းကို တတိယအကြိမ် မြောက်အဖြစ် ကိုင်တွယ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 411
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လွန်ကဲစွာ အောင်ပွဲခံမှု ပြုလုပ်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နည်းပြ အာတီတာကတော့ ဒါကို သူနှစ်သက်ပြီး စိတ်ခံစားချက်တွေ ဆက်ပြီးပြသ သွားမယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော်ဒါကို နှစ်သက်ပါတယ်။ သဘာဝကျကျနဲ့ ထူးခြားတဲ့ နည်းလမ်းတွေ လုပ်တဲ့အခါမှာ ပွဲအပေါ် စိတ်အားထက်သန်မှုတွေနဲ့ စိတ်ခံစားမှုတွေကို ယူဆောင်လာပေးပါတယ်”လို့ ပြောခဲ့တာပါ။
Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုတွေဟာ ရင့်ကျက်မှု မရှိဘူးဆိုတာ ပြသနေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ကာရေဂါက အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်အနေနဲ့ ဥမင်ထဲကို ဆင်းသွားရမှာလို့ ပြောခဲ့တာပါ။
အိုဒီဂတ်ဟာ လီဗာပူးလ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်း ဓါတ်ပုံဆရာထံက ကင်မရာကို ရယူကာ ဓါတ်ပုံဆရာကို ဓါတ်ပုံပြန်ရိုက်ပေးပြီး အောင်ပွဲခံခဲ့တာပါ။
အိုဒီဂတ်က ပွဲတစ်ပွဲမှာ အနိုင်ရလို့ အောင်ပွဲမခံရဘူးဆိုရင် ဘယ်အချိန်မှာသွားပြီး အောင်ပွဲခံ အခမ်းအနား ပြုလုပ်ရမှာလဲလို့ ကာရေဂါကို ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ဒီလိုမျိုးလုပ်တဲ့ အရာတွေဟာ ကောင်းမွန်ပြီး သူ့အမြင်နဲ့ တခြား လူတွေရဲ့ အမြင်ကတော့ တူချင်မှတူနိုင်မယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 477
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းဟာ ပြီးခဲ့တဲ့ရာသီကလိုမျိုး ဆုဖလား ၃ လုံးကို ထပ်ပြီး မရယူနိုင် ဘူးဆိုတာ ၉၉.၉၉ ရာခိုင်နှုန်း သေချာတယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးစားပြီး ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာ ပါ။ ကျနော်တို့ဟာ ဆုဖလား ၃ လုံးကို ထပ်ပြီးရယူဖို့ မဖြစ်နိုင်ဘူးဆိုတာ ၉၉.၉၉ ရာခိုင်နှုန်း သေချာပါတယ်။ ဒါက လွယ်ကူနေမယ်ဆိုရင် အဲဒီတုန်းက ယူနိုက်တက်အသင်းဟာ ဒါကို ထပ်ပြီးလုပ်နိုင်ခဲ့မှာပါ။ အဲဒါကြောင့် ဒါက မလွယ်ကူပါဘူး။ ဘောလုံးမှာ အရာအားလုံးခက်ခဲပြီး အရင်ကလုပ်ခဲ့တဲ့ အရာတွေက ဘာမှအာမခံချက်မရှိဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ထပ်ပြီးရယူနိုင်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်နဲ့ FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေတာပါ။
ဒါပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းဟာ ဆုဖလား ၃ လုံးကို ထပ်ပြီး ရယူနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာပြီဖြစ်ပြီး နိုင်ပွဲတွေလည်း ဆက်တိုက် ရရှိနေပေမယ့် အသင်းအနေနဲ့ သတိထားရမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။
ဂွာဒီယိုလာက “ဒါတွေက အန္တရာယ်များပါတယ်။ မန်စီးတီး ဘယ်လောက် ကောင်းမွန်လဲ၊ မန်စီးတီးပြန်လာပြီဆို တဲ့ စကားတွေဟာ များလွန်းပါတယ်။ ဒါတွေက သတိထားရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲ စလုံး အနိုင်ရခဲ့ပေမယ့် နောက်ပွဲအနိုင်ရဖို့ အာမခံချက် မရှိပါဘူး။ ကျနော်တို့ ထပ်ပြီးလုပ်ရမှာပါ။ ကျနော်တို့ အတွေ့အကြုံ အရဆိုရင် ဒီအဆင့်မှာ ပွဲတိုင်းက ဗိုလ်လုပွဲဆိုတာ သိပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN