CNI Article News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

လွန်ခဲ့သောနှစ်များက အမေရိကန်ရေတပ်သည် ၎င်း၏အယုံကြည်ရဆုံး မဟာမိတ်များထဲမှ တစ်ဦးနှင့် စစ်ရေးဂိမ်းအဖြစ် ပူးတွဲရေတပ် လေ့ကျင့်ခဲ့ရာ လေယာဉ်တင်သင်္ဘော နစ်မြှုပ်သွားခြင်းကြောင့် ထိခိုက်ကြေကွဲခဲ့ရသည်။ ထိုသို့ တန်ဖိုးကြီးမား၍ နည်းပညာမြင့်မားလှသော လေယာဉ်တင်သင်္ဘောနစ်မြှုပ်မှုမှ မည်သည့် သင်ခန်းစာများ ရခဲ့သနည်း။

ရေငုပ်သင်္ဘောတိုက်ဖျက်ဖို့ စစ်ဆင်ရေး (ASW)သည် အမေရိကန်အတွက် အရေးကြီးဆုံးနှင့် အခက်ခဲဆုံး စစ်ဆင်ရေး တာဝန် များထဲမှ တစ်ခုဖြစ်သည်။

အသစ်ပြန်လည် ဆန်းသစ်လာသော ပါဝါအပြိုင်အဆိုင်ခေတ်တွင် အမေရိကန်ရေတပ်သည် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် သူ့ကိုယ်သူ ကြိုးစားပြင်ဆင်နေချိန်၌ ASW သည် အရေးကြီးသော အာရုံစိုက်စရာတစ်ခုအဖြစ် ဆက်ရှိ နေဦးမည်မှာ သေချာလှသည်။

အန်ကယ်ဆမ်၏ ASW စွမ်းရည်များ ဆက်လက်တိုးတက်ဖို့ လိုအပ်နေကြောင်းကို ၂၀၁၅ ခုနှစ်က ပြင်သစ်ရေငုပ်သင်္ဘော တစ်စင်းနှင့် စစ်ရေးလေ့ကျင့်ရင်း အမေရိကန်လေယာဉ်တင် သင်္ဘောနစ်မြှုပ်မှုကို အတိအလင်း ဖော်ထုတ်ပြသခဲ့သည်။

ပြင်သစ်ရေတပ်သည် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ (SSNs) စစ်ဆင်ရေး၏ ပထမဆုံးခြေလှမ်းအဖြစ် Rubis အမျိုးအစား SSN ကို ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းတွင် စတင်သုံးစွဲနိုင်ခဲ့သည်။

နျူကလီးယားသုံး ပဲ့ထိန်းဒုံးကျည်ကို ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောမျိုး (SSBN) ကို ပြင်သစ်ရေတပ်၌ အချိန်အတော်ကြာ လက်ဝယ်ရှိနေပြီဖြစ်သော်လည်း ပြင်သစ်၏ ပထမဆုံး SSN ကို ၁၉၇၉ ခုနှစ်အထိ Rubis အမျိုးအစား ဦးဆောင်ရေယာဉ် (စစ်သုံး ရေငုတ်သင်္ဘော) ခုတ်မောင်းနိုင်ချိန်အထိ ထုတ်မပြခဲ့ပေ။

ပြင်သစ်ရဲ့ Suffren ရေငုပ်သင်္ဘောကိုတွေ့ရစဉ်(GETTY IMAGES)

Rubis သည် ဗြိတိန်၏ တော်ဝင်ရေတပ်နှင့် အမေရိကန်ရေတပ် နှစ်တပ်စလုံးရှိ အလားတူ ရေယာဉ်များထက် သေးငယ်ပြီး တော်ပီဒိုနှင့် ဒုံးကျည် ၁၄ စင်းသာ တပ်ဆင်နိုင်သည်။ ၎င်းသည် ပုံမှန် ၂၁ လက်မ တော်ပီဒိုများအပြင် Exocet SM39 သင်္ဘော ဖျက် ဒုံးကျည်ကို တန်ပြန် ပစ်ချနိုင်စွမ်းရှိသည်။

SM39 သည် အကွာအဝေး မိုင် ၃၀ အထိသာ ရောက်ပြီး Rubis ကဲ့သို့ ဒေါင်လိုက် ပစ်လွှတ်နိုင်သည့် ပြွန်များ မရှိသော်လည်း တော်ပီဒိုအဖြစ် ပစ်ခတ်သည့်အခါ  ဒုံးကျည်မှာ ရေမျက်နှာပြင်နှင့် ထိတွေ့သည့် တပြိုင်နက် ၎င်း၏ ပစ်မှတ်ဆီသို့ တည့်မတ် စွာ ပျံသန်းသွားနိုင်သည်။

ပြင်သစ်ရေတပ်သည် စုစုပေါင်း Rubis SSNs ခြောက်ခုအထိ ထိန်းကျောင်း ပစ်ခတ်နိုင်သည်။ ဆူညံသံ မြင့်မားခြင်းဆိုင်ရာ ပြဿနာများမှာ ပြင်သစ်က ပထမပိုင်း ထုတ်လုပ်သော သင်္ဘော ၄ စင်းတွင် အနှောင့်အယှက်များအဖြစ် ကြုံခဲ့ရသည်။

ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် SSNs များ၏ ဒီဇိုင်း အသီးသီးတွင်တော့ Améthyste (Amélioration Tactique Hydro- dynamique Silence Transmission Ecoute) ဟု ခေါ်သည့် အသံတိတ်စေသည့် ပရိုဂရမ်များကို ထည့်သွင်းနိုင်လာခဲ့သည်။

ပထမပိုင်း ထုတ်လုပ်ခဲ့သည့် ဒီဇိုင်း ၄ ခုကို ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်ကြားတွင် ဆိုနာ (Sonar) နှင့် အီလက်ထရောနစ် စနစ် နှစ်မျိုးစလုံးအဖြစ်သို့ အဆင့်မြှင့်တင်မှု အပါအဝင် အရေးကြီးသည့် အစိတ်အပိုင်းနှင့် နည်းစနစ်ပိုင်းတို့ကို ပိုမိုအသုံးတည့် အောင် ပြန်လည် ပြင်ဆင်ခဲ့သည်။

၂၀၁၅ ခုနှစ်အရောက်တွင် ပြင်သစ်၏ Rubis-class ရေငုပ်သင်္ဘော Saphir သည် အမေရိကန်၏ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောအနီးတွင် အခြေပြုလျက် US Carrier Strike Group 12, Ticonderoga-class cruisers နှင့် Arleigh Burke-class ဖျက်သင်္ဘောတို့နှင့်အတူ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

ပြင်သစ်ရဲ့ နျူကလီးယားသုံး ပဲ့ထိန်းဒုံးကျည်ကို ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောမျို(GETTY IMAGES)

ထိုစဉ်က လော့စ်အင်ဂျလိစ်အိန်ဂျယ် class SSN ကတော့ တစ်ခုတည်း ပါဝင်ခဲ့သည်။ အမေရိကန်ရေပိုင်နက်ဖြစ်သည့် ဖလော်ရီဒါကမ်းလွန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်သည့် အချိန်သည် Carrier Strike Group မှ စစ်ဆင်ရေး တပ်ဖြန့်ဖို့ ထွက်ခွာရန် စီစဉ်ချိန်နှင့် တိုက်ဆိုင်ခဲ့သည်။

ထိုစဉ်က စစ်ရေးလေ့ကျင့်မှုကို အဆင့်နှစ်ဆင့် ပိုင်းခြား၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ထဲမှ ပထမပိုင်းတွင် Saphir သည် ရန်သူ ရေငုပ်သင်္ဘောကို အလွယ်တကူသိရှိ ရှာဖွေရန် တည်နေရာကို ASW အစိတ်အပိုင်းထံ မဖြတ်သန်းမီတွင် အမေရိကန်ရေတပ်၏ လှုပ်ရှားမှုနှင့် ပေါင်းစပ်လုပ်ဆောင်စေကြောင်း မြင်တွေ့ခဲ့ရသည်။

ဒုတိယအဆင့်တွင် Saphir သည် အမေရိကန်ရေတပ်ကို ဝေဟင်မှ လေယာဉ်ပျံသန်းမှုနှင့် ပေါင်းစပ်ပြီး Theodore Roosevelt ၏ တည်နေရာကို ရှာဖွေစေ၍ ရန်သူ့သင်္ဘောကို နစ်မြှုပ်စေမည့်နေရာကို ရှောင်တိမ်းသွားရန် အသိပေး အချက်ပြခဲ့သည်။

သို့သော် ထိုလေ့ကျင့်မှုအတွင်း Saphir သည် ပစ်မှတ်ထားသည့် လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏အခြံအရံ အစောင့် သင်္ဘော လေးစင်းတို့ကို နစ်မြှုပ်စေခြင်း မပြုမီ အခြားရေလမ်းကြောင်းများမှတဆင့် ရှောင်တိမ်းသွားစေနိုင်ဖို့ အဆက်မပြတ် သတိပေး နေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ကျသွားခဲ့ပြီဖြစ်သည်။ လေ့ကျင့်ရင်း ဆုံးရှုံးမှုက မနည်းမနောပင် ဖြစ်လေသည်။

အဆိုပါ ရေကြောင်းသင်ခန်းစာ လေ့ကျင့်မှု ပြီးပြီးချင်းတွင် ထွက်ပေါ်လာသော ရလဒ်နှင့်ပတ်သက်သည့် ပြင်သစ်အွန်လိုင်း အစီရင်ခံစာကို အလျင်အမြန် ဖယ်ရှားခံခဲ့ရပြီး Saphir ၏ အောင်မြင်မှု အတိုင်းအတာနှင့် ပတ်သက်၍ ကန့်သတ်ထားသည့် အချက်အလက်များ ဆက်လက် ထုတ်ပြန်လာခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အမေရိကန်သမ္မတဂျိုဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)

သို့စဉ်လျက် ၎င်းဖြစ်စဉ်သည် သက်တမ်း နှစ် ၃၀ နီးပါးရှိ ရေငုပ်သင်္ဘောမှ လူအထင်ကြီးစရာ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ထိုအချိန် ထိုကာလက အမေရိကန်ရေတပ်၏ ASW စွမ်းရည်များ၌ ဖြစ်နိုင်ခြေ အလားအလာ ကောင်းနေသည့် ချို့ယွင်း အားနည်းချက်များကို အရိပ်အမြွက် ဖော်ထုတ်ပေးခဲ့သည်။

လက်ရှိတွင်လည်း ပြင်သစ်သည် Rubis အမျိုးအစား ရေငုပ်သင်္ဘော ခြောက်စင်းရှိသည့်အနက် တစ်စင်းတည်းဖြင့်သာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လှုပ်ရှားလည်ပတ်လို့ နေခဲ့သည်။ ပြက္ခဒိန်နှစ် တစ်နှစ် ၏ ဖေဖော်ဝါရီလတွင် Rubis-class SSN Emeraude သည် ပြင်သစ်ရေပိုင်နက်ထဲမှ အင်ဒို-ပစိဖိတ် သမုဒ္ဒရာအထိ စတင်ခရီး ဆန့်ခဲ့ရာ စက်တင်ဘာလအရောက်တွင် တောင်တရုတ်ပင်လယ်ထဲ ကင်းလှည့်မှုကို အဆုံးသတ်လေ့ရှိသည်။

လာမည့်နှစ်များတွင် ပြင်သစ်သည် Barracuda-clas SSNs အသစ်များဖြင့် Rubis ကို အစားထိုးဖွယ်ရာ ရှိနိုင်သည်ဟု ယူဆရ ပါသည်။                        ။

Source: 19fortyfive.com

(မူရင်းဆောင်းပါးရှင် Eli Fuhrman ရေးသားသည့် “How A French Submarine ‘Sunk’ A US Navy Aircraft Carrire” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို www.19fortyfive.com တွင် ဖော်ပြထားရာ CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန် တင်ဆက်ပေးလိုက်ပါသည်။

Eli Fuhrman သည် National Interest for the Center, Korean Studies မှ လက်ထောက် သုတေသီ ဖြစ်ပြီး Georgetown တက္ကသိုလ်၏ လုံခြုံရေးဆိုင်ရာ လေ့လာမှုအစီအစဉ်ဖြင့် မကြာသေးမီက ဘွဲ့ရခဲ့ကာ အရှေ့အာရှ လုံခြုံ ရေးကိစ္စရပ်များ၊ ဒေသတွင်းရှိ အမေရိကန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒတို့ကို အထူးပြုလေ့လာခဲ့သည်။)