CNI Entertainment News

၂၀၂၂ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၂၆

ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ကျောက်ဖရားမြစ်ထဲသို့ ပြုတ်ကျသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိနိဒါး (ခ) နိဒါး ဖတ်ချရဝိရဖုန်းရဲ့ အလောင်းကို ဒီကနေ့ ဖော်ဖော်ဝါရီ ၂၆ ရက်နေ့မှာ ရှာဖွေတွေ့ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာရေးသားဖော်ပြထားပါတယ်။

မင်းသမီးအလောင်းကို ကယ်ဆယ်အဖွဲ့ဝင်များရှာဖွေတွေ့ရှိပြီး သယ်ဆောင်လာစဉ်

ရှာဖွေမှုမှာပါဝင်ခဲ့တဲ့ သူမရဲ့အကိုဖြစ်သူက အဲ့ဒီအလောင်းဟာ ၎င်းရဲ့ညီမဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့လည်း သတင်းမှာ ဆိုပါတယ်။

သူမဟာ ဖေဖော်ဝါရီ ၂၄ ရက် ညဉီးပိုင်းလောက်က ဘန်ကောက်အနီး နွန်ထပူရီနယ်မြေရှိ ကျောက်ဖရားမြစ်ထဲသို့ စပိဘုတ်စက်လှေစီးရင်း မတော်တဆ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

Source- Bangkok Post