CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၁

ထိုင်းနိုင်ငံတွင် မကြာသေးမီက ဗီဇာတားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ခြင်းသည် စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်စေရေးအတွက် မလွှဲသာမရှောင်သာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ခရီးသွားကဏ္ဍကျွမ်းကျင် သူ အမ်တီအက်ဇ် မွတ်ဘီလ် (Imtiaz Muqbil) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့မှ ဖော်ပြခဲ့သည်။

ထိုင်းနိုငံသည် ခရီးသွားလုပ်ငန်း ကဏ္ဍအပေါ် အလွန်အမင်း မှီခိုအားထားနေရသဖြင့် ထိုသို့ ဗီဇာဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံအများအပြားသည် ခရီးသွားကဏ္ဍမှ ရရှိသည့် ဝင်ငွေများအတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြိုင်ဆိုင်လာကြ မည်ကို စိုးရိမ်ကြောင်း၊ တစ်နေရာတည်းမှာပင် ခရီးသွားများ စုပြုံရောက်ရှိလာမည့် အရေးကို စိုးရိမ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ Deeper Dive အမည်ရှိ နောက်ခံစကားပြော ဗွီဒီယိုကဏ္ဍအစီအစဉ်တွင် မွတ်ဘီလ် က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားများကိုတွေ့ရစဉ်

သို့သော် ခရီးသွားလုပ်ငန်းကဏ္ဍသည် ထိုပြဿနာများကို ကောင်းမွန်သည့် စျေးကွက်ရှာဖွေမှုများ မဟာဗျူဟာ များကို အသုံးပြုပြီး ဖြေရှင်းနိုင်သည်ဟု ၎င်းကဆိုသည်။

နယ်စပ်ဒေသတွင် ထိန်းချုပ်ကန့်သတ်မှုများကို ဖြေလျှော့ပေးခြင်းဖြင့် ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများ မြင့်တက် လာမည့် အရေးနှင့် မလွဲမသွေ ကြုံတွေ့ရနိုင်ကြောင်း၊ ထိုအခြေအနေကို တားဆီးနိုင်မည် မဟုတ်ဘဲ တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန်သာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မွတ်ဘီလ်က ပြောသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ချိန်ကတည်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မတူညီသည့် ယဉ်ကျေးမှုများကို ဖလှယ်ရန် ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် အဓိကနေရာက ပါဝင်ခဲ့သည်ဟုလည်း မွတ်ဘီလ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်