CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၆
 
သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
 
ဆရာတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်း တိုက်ကြီးမှာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
 
ဆရာတော် ပျံလွန်တော်မူသည့်အချိန်တွင် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ ရှိနေပြီ ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
 
ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရဘဲရွာဇာတီဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။