CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မော်စကိုက လူထုစုဝေးပွဲမှာ ပူတင်ကို တွေ့ရစဉ်(AP)

ယူကရိန်းကို တိုက်ခိုက်နေချိန် မော်စကိုက လူထုစုဝေးပွဲမှာ ပူတင်ထွက်ပေါ်လာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1241

CNI International News

မော်စကို၊ မတ်လ ၁၉

မတ်လ ၁၈ ရက်၌ အလံများ ဝှေ့ယမ်းရင်း လူစုလူဝေး အထူးစည်ကားနေသော မော်စကို အားကစားကွင်းထဲသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် ရောက်ရှိလာခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်ကြာ ယူကရိန်းထဲ ကျူးကျော်တိုက်ခိုက်နေသော ၎င်း၏တပ်ဖွဲ့ဝင် များကို ချီးကျူးဂုဏ်ပြုသွားခဲ့ကြောင်း အေပီသတင်းက ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းနှင့် သံတမန်ရေး ဆွေးနွေးမှုများ အခြေအနေနှင့် ပတ်သက်၍ ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က နှစ်ဘက် သဘောထားကွဲမှုများ ပိုမိုကျဉ်းမြောင်းလာခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ယူကရိန်းဘက်ကတော့ ၎င်း၏ရပ်တည်ချက်မှာ မပြောင်းလဲသေးကြောင်း တုံ့ပြန်ပြောကြားထားသည်။
ကျူးကျော်တိုက်ခိုက်မှုအပေါ် မကျေနပ်ကြ၍ ရုရှားပြည်တွင်း၌ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေသော် လည်း မတ်လ ၁၈ ရက်နေ့ မော်စကို လူထုစုဝေးပွဲသည် ကရင်မလင်သမ္မတနန်းတော်မှ ဖန်တီးလာသည့် မျိုးချစ်စိတ်ဓာတ် များကို ပြသလာခြင်းအဖြစ် သံသယရှိနေကြကြောင်း ကရင်မလင်အပေါ် ဝေဖန်သည့် တယ်လီဂရမ်ချန်နယ် အများအပြားက ဖော်ပြခဲ့ကြသည်။

မော်စကိုက လူထုစုဝေးပွဲကို တွေ့ရစဉ်(AP)

ယူကရိန်းလက်ဝယ်မှ ခရိုင်းမီးယား ကျွန်းဆွယ်ကို မော်စကို သိမ်းယူခဲ့သည့် ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ချီတက်ပွဲများ၊ ဖျော်ဖြေပွဲများ ကျင်းပပေးခဲ့ပြီး ရုရှားနိုင်ငံအနှံ့အပြားမှ အစိုးရအဖွဲ့အစည်းများ၊ ကျောင်းသားများနှင့် အမှုထမ်း၊ အရာထမ်းများကို တက်ရောက်ကြရန် အာဏာပိုင်များက လှုံ့ဆော်စည်းရုံးခဲ့သည်။

ထိုသတင်းများနှင့်ပတ်သက်၍ အေပီက သီးခြားအတည်ပြုချက် မရရှိသေးကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ရုရှားတပ်များသည် ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းမြို့ကြီးများကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခတ်နေခဲ့ပြီး ပိုလန်နိုင်ငံနှင့်နယ်စပ်အနီး လိုဗစ်မြို့ ဆင်ခြေဖုံး၌ လေယာဉ်ပြုပြင်တပ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ရပ်များဖြင့် ရုရှားတပ်များသည် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ဆိုက်ရောက်အောင် မိမိတို့ အကြီးဆုံး မြို့များကို ပိတ်ဆို့ထားကြောင်း၊ ယူကရိန်းနိုင်ငံသားအားလုံး ပူးပေါင်းပါဝင် တွန်းလှန်ကြရန် လိုကြောင်း သမ္မတ ဇာလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်(AP)

စစ်ပွဲစတင်ခဲ့သည့်နောက်ပိုင်း ယခု ပထမဆုံးအကြိမ် လူထုမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သော ပူတင်က “ရုရှားတပ်တွေဟာ အချင်းချင်း ပခုံးဖက်ပြီး အပြန်အလှန် အကူအညီ ပေးနေကြတယ်။ ကျနော်တို့ ဒီလိုမျိုး စည်းလုံးညီညွတ်မှု မတွေ့ရတာ ကြာပါပြီ” ဟု ချီးကျူးပြောကြားခဲ့သည်။

လူဇာနီကီ (Luzhniki) အားကစားကွင်းအတွင်းနှင့် အနီးတဝိုက်သို့ လူပေါင်း ၂ သိန်းကျော် စုဝေးခဲ့ကြကြောင်း မော်စကို ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခမ်းအနားတွင် U.S.S.R ဖျော်ဖြေတင်ဆက်မှု အပါအဝင် “ယူကရိန်းနှင့် ခရိုင်းမီးယား၊ ဘယ်လာရုစ်နှင့် မော်လ်ဒိုဗာတို့သည် ကျွန်ုပ်တို့နိုင်ငံဖြစ်သည်” ဟု ရေးစပ်ထားသော တေးသီချင်းများကို သီဆိုခဲ့ကြသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင်ကို စစ်ရာဇဝတ်ကျူးလွန်သူဟု ဘိုင်ဒန်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2257

CNI International News

ဝါရှင်တန်၊ မတ်လ ၁၇

ယူကရိန်းနိုင်ငံထဲ အသေအပျောက်များသည့် ကျူးကျော်ဝင်ရောက်မှုကနေ ရက်စက်ကြမ်းကြုတ်ခြင်းများ ဆက်လက်တိုးပွားနေသဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စစ်ရာဇဝတ်မှုကျူးလွန်သူဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“သူ့ကို စစ်ရာဇဝတ်ကျူးလွန်သူလို့ ကျနော် ယူဆပါတယ်” ဟု ဘိုင်ဒန်က အမျိုးသမီးများအကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပြန်လည်ခွင့်ပြုသည့် အခမ်းအနားအပြီး အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပူတင်ကို အဲဒီလို တံဆိပ်ကပ်လို့ ရ/မရ” သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ဘိုင်ဒန်က အစောပိုင်းတွင်တော့ “ကပ်၍ မရကြောင်း” ဖြေကြားခဲ့သည်။

သို့သော် အဆိုပါမေးခွန်းကိုပင် ထပ်တလဲလဲ မေးမြန်းနေသဖြင့် ဘိုင်ဒန်က ၎င်းသတင်းထောက်ထံသို့ တခေါက် ပြန်လျှောက်သွားပြီး “စစ်ရာဇဝတ်မှုကျူးလွန်သူ” ဆိုသည့်အသုံးအနှုန်းကို အတည်ပြုခဲ့သည်။

ယင်းနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပခဲ့ရာ ဘိုင်ဒန်၏မှတ်ချက်များနှင့် ပတ်သက်၍ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီထံသို့ သတင်းထောက်များ ထပ်မံမေးမြန်းခဲ့ရာ “သမ္မတရဲ့မှတ်ချက်က သူတို့သဘောနဲ့သူတို့(ယူကရိန်းဘက်မှ) ထုတ်ဖော်ပြောဖို့ဖြစ်ပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

“ရုပ်သံလိုင်းကနေ သူမြင်ခဲ့ရတာတွေကို သူ့စိတ်ထဲရှိတာ ပြောတဲ့သဘောပါ။ ရက်စက်တဲ့ အာဏာရှင်တစ်ဦးရဲ့ လုပ်ရပ်အနေနဲ့ နိုင်ငံခြားတိုင်းပြည်ကို ကျူးကျော်ဝင်ရောက်တာကို ဆိုလိုပါတယ်” ဟု ဂျန်ဆာကီက ရှင်းပြသည်။ ပူတင်ကို စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိ/မရှိ အဆုံးအဖြတ်ပေးရေးကိစ္စမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကုလသမဂ္ဂတို့၏ တရားဥပဒေဆိုင်ရာလုပ်ငန်းစဉ်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက အမေရိကန်ကွန်ဂရက်သို့ မိန့်ခွန်းပြော၍ ၎င်းနိုင်ငံကို ထပ်မံကူညီဖို့ တောင်းခံပြီး နာရီပိုင်းအကြာမှာပင် ယခုကဲ့သို့ ဘိုင်ဒန်၏သဘောထားမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ မိန့်ခွန်းပြောကြားနေစဉ် ဇာလန်းစကီးသည် ဖေဖော်ဝါရီ ၂၄ ရက်၌ စတင်ခဲ့သော ရုရှား၏ထိုးစစ်အကြောင်း အသေးစိတ်ဗီဒီယိုဖိုင်တစ်ဖိုင်ကို ပြသခဲ့သည်။

နိုင်ငံအတွင်း အရပ်သားသေဆုံးမှုအရေအတွက် တွက်ချက်ရန် ခက်ခဲနေကြောင်း၊ တရားဝင်အရေအတွက်မှာ ၂,၄၀၀ ဟုသာ ပြောထားသော်လည်း အမှန်တကယ်သေဆုံးသူ ၂၀,၀၀၀ အထိ ရှိနိုင်ကြောင်း မာရီယူပေါလ်မြို့မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

Source: Yahoo News

Share
Tweet
Share
Share
powered by social2s
မတ်လ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် မိန့်ခွန်းပြောကြားစဉ်(ပုံ-Getty Images)

“ပုလဲဆိပ်ကမ်းကို မမေ့နဲ့”ဟု ဇာလန်းစကီးပြော၍ အမေရိကန်ကိုအကူအညီ ထပ်တောင်း

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2552

CNI International News

 ဝါရှင်တန်၊ မတ်လ ၁၇

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက အမေရိကန်ကွန်ဂရက်(လွှတ်တော်)သို့ မတ်လ ၁၆ ရက်က မိန့်ခွန်း ပြောကြားခဲ့ရာ စစ်ရေး၊ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးရေးနှင့် ရုရှားအပေါ် ထပ်မံ ဒဏ်ခတ်အရေးယူရေးတို့ အတွက် အမေရိကန်၏နောက်ထပ်အကူအညီ တောင်းခံခဲ့ပြီး စစ်ပွဲဒဏ်ခံစားရပုံဗီဒီယိုများ ပြသရှင်းလင်းခဲ့သည်။

“ကျနော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးစရာဖြစ်လာပါပြီ။ ကျနော်တို့ ယူကရိန်းနိုင်ငံသား တွေ လွတ်လပ်နေမှာလား၊ ဒီမိုကရေစီထိန်းသိမ်းနိုင်မှာလား အဆုံးအဖြတ်ပေးပါတော့မယ်။ ရုရှားဟာ ကျနော်တို့ ရေမြေ၊ ကျနော်တို့မြို့တွေကို တိုက်ရုံမကဘဲ ကျနော်တို့ရဲ့တန်ဖိုးတွေ၊ အခြေခံလူ့တန်ဖိုးတွေကိုပါ ရက်ရက် စက်စက် ချေမှုန်းနေပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

“ပုလဲဆိပ်ကမ်းကို မမေ့ပါနဲ့” ဟု ဇာလန်းစကီးက တိုက်တွန်းခဲ့ပြီး 9/11 အရေးအခင်းနှင့် မာတင်လူသာကင်း၏ “ကျနော်တို့မှာအိပ်မက်တစ်ခုရှိတယ်” မိန့်ခွန်းတို့ကို ကိုးကားပြောကြားသွားခဲ့သည်။

ယင်းနောက် ၎င်းပြသခဲ့သည့် ဗီဒီဖိုင်ထဲတွင် ရုရှားကျူးကျော်မှုကြောင့် လူ့အသက်များဆုံးရှုံးရပုံများ၊ ဒဏ်ရာရပြီး ငိုကြွေးနေသည့်  ကလေးငယ်များ၊ ဘီးတပ်ကုလားထိုင်နှင့် လမ်းလျှောက်ထွက်ပြေးဖို့ ကြိုးစားနေသည့် သက်ကြီး ရွယ်အိုမြင်ကွင်းများ၊ မာရီယူပေါလ်မြို့ သားဖွားဆေးရုံမှ ရွှေ့ပြောင်းတိမ်းရှောင်လာရသည့် ကိုယ်ဝန်ဆောင် အမျိုး သမီးများ၊ မြောင်းထဲ မြှုပ်ထားရသည့် လူသေအလောင်းများကို မြင်တွေ့ကြရသည်။

အဆိုပါဗီဒီယိုဖိုင်ကို “ယူကရိန်းကောင်းကင်ယံကို ပိတ်ဆို့တားဆီးပေးပါ” ဟု တိုက်တွန်းရင်း အဆုံးသတ်ထား သည်။

ဘိုင်ဒန်ကို တိုက်ရိုက်ရည်ညွှန်းလျက် “ကျနော့်အနေနဲ့ သူ့ကို ကမ္ဘာ့ခေါင်းဆောင်ဖြစ်စေချင်ပါတယ်” ဟု ဇာလန်း စကီးက အင်္ဂလိပ်ဘာသာဖြင့် ပြောကြား၍ မေတ္တာရပ်ခံကာ ၎င်းမိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

ယူကရိန်းဝေဟင်ပိုင်နက်ထဲ မပျံသန်းရဇုန်သတ်မှတ်ပေးရေးအတွက် ဇာလန်းစကီးက အမေရိကန်ကို ထပ်လောင်း တောင်းဆိုခဲ့သည်။

သို့သော် ဘိုင်ဒန်နှင့် ကွန်ဂရက်ထဲရှိ အမတ်များသည် ရုရှားကျူးကျော်မှုမှ ပိုမိုကျယ်ပြန့်သော စစ်ပွဲအဖြစ်သို့ ရောက်ရှိပြီး အမေရိကန်နှင့်ရုရှားအကြား တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမည့်အန္တရာယ်ရှိနေ၍ ယူကရိန်းမပျံသန်းရဇုန် တောင်းဆိုချက်ကို ငြင်းပယ်နေဆဲဖြစ်သည်။

“တခဲနက်ထောက်ခံပေးတဲ့ အမေရိကန်ကို ယူကရိန်းက ကျေးဇူးတင်ပါတယ်” ဟု ဇာလန်းစကီးက ပြောကြား ခဲ့သည်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် လက်နက်အထောက်အကူပေးပို့ပေး၍ ကျေးဇူးတင်ကြောင်းနှင့် နောက်ထပ်ကူညီရန်လည်း တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 Source: vice.com

 

Share
Tweet
Share
Share
powered by social2s
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12

Page 12 of 12

Latest News

ရွေးကောက်ပွဲမှာ ဘယ်အချက်တွေကို ကြည့်ပြီး မဲပေးသင့်လဲ

ရွေးကောက်ပွဲမှာ ဘယ်အချက်တွေကို ကြည့်ပြီး မဲပေးသင့်လဲ

19 May ဆောင်းပါး
ဘိလပ်မြေ ဝယ်လိုအားများမှုကြောင့် ဝယ်မရဖြစ်နေ

ဘိလပ်မြေ ဝယ်လိုအားများမှုကြောင့် ဝယ်မရဖြစ်နေ

19 May စီးပွားရေး
ဘရာဇီးလ်ကလပ်ရဲ့ကမ်းလှမ်းမှုကို ရော်နယ်ဒို လက်ခံရရှိ 

ဘရာဇီးလ်ကလပ်ရဲ့ကမ်းလှမ်းမှုကို ရော်နယ်ဒို လက်ခံရရှိ 

19 May အားကစား
အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ယိုကီရက်စ် ပြော 

အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ယိုကီရက်စ် ပြော 

19 May အားကစား
အခက်အခဲဆုံးရာသီလို့ စီးရီးအေဖလားရဖို့ နီးစပ်ပြီးနောက် ကွန်တီ ပြော 

အခက်အခဲဆုံးရာသီလို့ စီးရီးအေဖလားရဖို့ နီးစပ်ပြီးနောက် ကွန်တီ ပြော 

19 May အားကစား
CNI
  1. You are here:  
  2. Home
  3. ရုရှား-ယူကရိန်းအရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar