CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူးသစ် အစ်ဆက် ထက် ပိုကောင်းတယ်လို့ ပြောလိုက်ပြီး ဟာလန်းကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကစားသမားနဲ့မှ လဲလှယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းက အထက်မှာရှိနေပြီး အစ်ဆက်က ထူးခြားတဲ့ ကစားသမားပါ။ ဒါပေမယ့် ဟာလန်း အကြောင်းကို ခင်ဗျားတို့မေးတော့ သူက ထိပ်တန်းကစားသမားပါလို့ ပြောရမှာပါ။ အစ်ဆက်ဟာ သူတို့ပေးချေခဲ့ ရတဲ့ ပြောင်းရွှေ့ကြေးကြောင့် ထိပ်တန်းကစားသမား ဖြစ်ရပါမယ်။ ဒါက ထင်မြင်ချက်တွေပေးရတဲ့ ဂိမ်းဖြစ်ပါ တယ်။ ကျနော်ဟာ ဟာလန်းကို ဘယ်သူ့အတွက်နဲ့မှ ပြောင်းလဲသွားမှာ မဟုတ်ဘဲ သူ့ကို ကျနော်နှစ်သက်ပါတယ်”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဆက်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ့ရဲ့တိုက်စစ်မှူး ဟာလန်းက အစ်ဆက် အပါအဝင် ကမ္ဘာပေါ် မှာရှိတဲ့ အခြားတိုက်စစ်မှူးတွေထက် ပိုပြီးကောင်းတယ်လို့ ယုံကြည်နေတာပါ။ 

ဟာလန်းနဲ့ အစ်ဆက်ကို တွေ့ရစဉ်

ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ မောလ်ဒိုဗာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ဒါအပြင် ဟာလန်းဟာ ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာလည်း နော်ဝေအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အိုမာမာမွတ်ရှ်၊ ချာကီနဲ့ အစ်နူရီတို့ လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး ကွင်းလယ်လူ ဖိုဒန် ပြန်ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲအထိ အရေးနိမ့်ကာ ၂၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပြီး လီဗာပူးလ်အသင်းနဲ့ ၆ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

Source: Goal