CNI International News
မော်စကို၊ မတ်လ ၆
အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် မတ်လ ၅ ရက်က တွေ့ဆုံခဲ့ပြီး ယူကရိန်းအကျပ်အတည်းကို ဆွေးနွေးခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခတွင် ပြေလည်အောင် ဖြေရှင်းရန် အစ္စရေးက ကမ်းလှမ်းခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက အောင်မြင်မှုရရှိရန် မျှော်လင့်ခြင်းကို ယခင်က ငြင်းပယ်ခဲ့သည်။
ပူတင်နှင့် ယူကရိန်းစစ်အကြောင်း ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် အစ္စရေးဝန်ကြီးချုပ်သည် ဂျာမနီအဓိပတိ (ဝန်ကြီးချုပ်)သို့ သွားရောက် တွေ့ဆုံရန်အတွက် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
“ကျနော်တို့ဝန်ကြီးချုပ်ဟာ လက်ရှိမှာ မော်စကိုကနေ ဘာလင်မြို့ကို သွားနေပြီး ဂျာမနီဝန်ကြီးချုပ်(အဓိပတိ) အိုလာရှော့ဇ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်" ဟု ဘန်းနက်၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့သည်။
Source: Aljazeera