CNI International News
၂၀၂၂ ခုနှစ်၊ မတ်လ ၅
ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ်ရန်နှင့် ပြန်လည်တိုက်ခိုက်ရန် နိုင်ငံရပ်ခြား (ပြည်ပ)မှ ပြန်လာသူ ယူကရိန်းနိုင်ငံသား ၆၆၂၂၄ ဦးရှိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ပြောသည်ဟု ရိုက်တာသတင်းအရ သိရသည်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က "ရုရှား၏ ကျူးကျော်မှုကို ကာကွယ်ဖို့ ပြည်ပကနေ ယူကရိန်းနိုင်ငံသား ၆၆၂၂၄ ဦး ပြန်လာခဲ့တယ်"ဟု စနေနေ့(ယနေ့- မတ်လ ၅ ရက်)တွင် ပြောကြားခဲ့သည်။
Source: Reuters