CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၈

ကမ္ဘာ့အကြီးဆုံး လေယာဉ်တစ်စင်းဖြစ်သည့် Antonov AN-225 သည် ယူကရိန်းသို့ ရုရှားကျူးကျော်နေစဉ်အတွင်း ပျက်ကျ သွားခဲ့ကြောင်း၊ လေကြောင်းပြေးဆွဲမှုလောကအတွက် ဝမ်းနည်းမှုဖြစ်ပေါ်စေခဲ့ရကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံတွင်ရှိသည့် Mriya (သို့မဟုတ်) အိပ်မက်ဟု အမည်ပေးထားသော ဧရာမလေယာဉ်သည် ရုရှားနိုင်ငံသားများ တိုက်ခိုက်ခံရချိန်တွင် ကိယက်ဗ်မြို့အနီးရှိ လေယာဉ်ကွင်း၌ ရပ်နားထားပြီး လေယာဉ်ကို ပြန်လည် တည်ဆောက်မည်ဖြစ် ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

"ရုရှားက ကျနော်တို့ရဲ့ 'Mriya' ကို ဖျက်ဆီးလိုက်နိုင်တယ်။ ဒါပေမယ့် ခိုင်မာပြီး လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ဥရောပ နိုင်ငံဖြစ်တဲ့ ကျနော်တို့ရဲ့ အိပ်မက်ကို ဘယ်တော့မှ ဖျက်နိုင်မှာ မဟုတ်ဘူး။ ကျနော် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တွစ်တာတွင် ရေးသားခဲ့သည်။
လေယာဉ်ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရှိသေးပေ။

ပူတင်ကိုတွေ့ရစဉ်(AP)

Antonov လေကြောင်းလိုင်းက တွစ်တာပို့စ်တစ်ခုတွင် လေယာဉ်၏ နည်းပညာဆိုင်ရာ အခြေအနေကို ကျွမ်းကျင်သူများက မစစ်ဆေးမချင်း အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။ Antonov လေကြောင်းလိုင်းကို စီမံခန့်ခွဲသည့် ယူကရိန်း နိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီ Ukroboronprom က ဖေဖော်ဝါရီ ၂၇ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းလေယာဉ်အား ရုရှားစရိတ်ဖြင့် ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိမည်ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပြန်လည်တည်ဆောက်မှုဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်နဲ့ ငါးနှစ်ကျော်ကြာမယ်လို့ ခန့်မှန်းထားပါ တယ်” ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့၏တာဝန်မှာ ယူကရိန်းလေကြောင်းနှင့် လေကြောင်းကုန်တင်ရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့သော အဆိုပါ ကုန်ကျစရိတ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံကနေ ကာမိစေဖို့ ကျခံပေးရမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ယူကရိန်းနိုင်ငံအတွင်းက ရုရှား၏ စစ်ကားများ(GETTY IMAGES)

ယင်းလေယာဉ်သည် ဖေဖော်ဝါရီ ၂၄ ရက်၌ ကိယက်ဗ်မြို့အနီး မြေပြင်၌ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်နောက်ပိုင်းတွင် ဖော်ပြထားသည်။

Antonov လေကြောင်းလိုင်း ဒါရိုက်တာ၏ ပြောကြားချက်အရ အင်ဂျင်တစ်လုံးကို ပြုပြင်ရန် လိုအပ်နေပြီး အခင်းဖြစ်ပွား သည့်နေ့တွင် လေယာဉ်သည် ဝေဟင်၌ ပျံသန်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

Source: CNN