CNI International News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအပေါ် ထိုးစစ်ဆင်မှုအရှိန်ကို လျှော့ချလိုက်ကြောင်း ယူကရိန်းဝန်ကြီးများရုံးက ထုတ်ပြန် ခဲ့သည်ဟု CNN သတင်းဌာနက ရေးသားဖော်ပြထားသည်။

"ရုရှားတို့သည် ထိုးစစ်အရှိန်ကို လျှော့ချလိုက်သော်လည်း ယူကရိန်းကို ထိုးစစ်ဆင်ရာတွင် အချို့နေရာများတွင် အောင်မြင် မှုရရှိရန် ကြိုးပမ်းနေကြဆဲဖြစ်သည်"ဟု ဝန်ကြီးများရုံးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ၎င်းတို့၏ တရားဝင် Twitter စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်ဟုလည်း CNN က ဆက်လက်ရေးသားထားသည်။

ယူကရိန်းနဲ့ရုရှားတွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေခြင်း(TASS)

သို့သော် ယူကရိန်းအစိုးရဝန်ကြီးများရုံးက အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
တခြားတစ်ဖက်တွင် ရုရှားနှင့် ယူကရိန်းတို့သည် ဘယ်လာရုစ်နိုင်ငံ၊ ပါရီရာမြစ်အနီးမှာ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွေ့ဆုံဆွေးနွေးရန် သဘောတူထားကြသည်။