- By CNI
- Category: နိုင်ငံရေး
- Hits: 1104
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂
သမ္မတဟောင်း ဦးသိန်းစိန်ကို ကြားခံထား၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်လာနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ အမှုအချို့အား ဖြေလျှော့ခဲ့ပြီးနောက် နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး လာနိုင်သလား ဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်း ကြား သုံးသပ်မှုများ ရှိခဲ့သည်။
နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက်ညှိနှိုင်းမှု ရှိဦးမှာ မဟုတ်ကြောင်း၊ ဦးသိန်းစိန်ကို ကြားခံထားပြီး ညှိလာနိုင်ကြောင်း၊ သို့သော်လည်း အဆိုပါ အဖွဲ့အစည်း နှစ်ခုဖြင့် ညှိနှိုင်း၍မရကြောင်း တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
၎င်းက “ကျနော်တော့ တိုက်ရိုက်ကြီးတော့ ရှိဦးမယ် မထင်ဘူး။ သမ္မတကြီး ဦးသိန်းစိန်ကို ကြားထားပြီးတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မှု ဦးဝင်းမြင့်တို့ ပူးပေါင်းဆောင်ရွက်မှုက ရှိလာနိုင်တယ်၊ နစကနဲ့ တိုက်ရိုက်ကြီး တွေ့မယ်ပြောမယ်၊ ညှိမယ်ဆိုတာတော့ ပေါ်ပေါ်ထင်ထင်တော့ ဖြစ်ဦးမယ် လို့ ကျနော်မထင်ဘူးဗျ၊ တစ်ဖက်လှည့်နဲ့ အင်ဒါရိုက်နည်း(သွယ်ဝှိုက်သော်နည်း)နဲ့ သွားပြီးတော့ နောက်ဆုံးမှာ တဖြည်းဖြည်း ညှိနှိုင်းရေး လမ်းကြောင်းပေါ်ရောက်မယ်၊ ညှိနှိုင်းတာလည်း ဒီနှစ်ဖွဲ့ထဲနဲ့ ညှိလို့ မရဘူးဗျ၊ EAO တွေ ရှိတယ်၊ နိုင်ငံရေးပါတီတွေရှိတယ်၊ အဲဒီလို တခြားသော အင်အားစုတွေလည်း ပါလာဖို့လိုတော့ အားလုံးဆုံနိုင်တဲ့ ဆုံချက်တစ်ခုကိုတော့ ဖန်တီးလိမ့်မယ်လို့ ယူဆတယ်ဗျ” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့က နစကဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုမတိုင်ခင် ထိုင်းဒုတိယဝန်ကြီးချုပ် Mr. Don Pramudwinai (မစ္စတာဒွန်ပရာမွတ်ဝီနိုင်း)သည် ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ တွင် ဇူလိုင် ၁၁ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြောကြားခဲ့သည်။
မြန်မာ့နိုင်ငံရေးမှာ ရှုပ်ထွေးနေပြီး မည်သည့် အခင်းအကျင်း ဖြစ်လာမည်ဆိုခြင်းကို ပြောရန်ခက်ခဲကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
၎င်းက “အစိုးရနဲ့ အာဏာရှိခဲ့တဲ့ NLD နဲ့ လက်ရှိ အစိုးရနဲ့ သူတို့ဖြစ်နေတဲ့ ပြဿနာဟာ အန်တီတို့က တကယ်ကို ဘာမှကို ဘာဖြစ်တယ်ဆိုတာ အန်တီကြားပါတယ်။ နိုင်ငံရေးသမားတွေ အများကြီး ပြောနေတာလေ၊ အရမ်းသိ ကြ၊ တတ်ကြပါတယ်၊ အားလုံးလဲ တော်ကြပါတယ်၊ ဒါပေမဲ့ အန်တီက ၃၅ နှစ် နိုင်ငံရေး လုပ်လာတဲ့အတွက် ဗမာ ပြည်ရဲ့ နိုင်ငံရေးက ဘာဖြစ်မလဲဆိုတာ အန်တီအနေနဲ့တော့ မပြောတတ်ဘူး။ တခြား ကျွမ်းကျင်တဲ့ တတ်သိတဲ့ နိုင်ငံရေးသမားတွေ ပြောတာတော့ နားထဲမှာ ကြားတယ်၊ အန်တီ ဒေါ်ချိုချိုကျော်ငြိမ်း အနေနဲ့တော့ ဘာဖြစ်မယ် ဆိုတာ ဘာမှကို မမှန်းနိုင်အောင် ဖြစ်နေတဲ့ အခြေအနေပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချခဲ့သည်။
ထို့နောက် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်အချို့အား ဖမ်းဆီး ထိန်းသိမ်းထားသည်။
ပြည်တွင်းရှိ အင်အားစု အဖွဲ့အစည်းအချို့၊ နိုင်ငံတကာအဖွဲ့အစည်းများကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 818
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင် ၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးအား ပြစ်ဒဏ်လွတ် ငြိမ်းခွင့် ပြုလိုက်သည်ဟု ထုတ်ပြန်သွားသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦး၊ လက်နက် ကိုင်များနှင့်ဆက်စပ်သူ ၇၂ ဦးတို့ ပါဝင်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1096
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်း ထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း သြဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သော လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း တပ်ဖွဲ့(TNLA)၊ ရှမ်းတပ်ဖွဲ့(SSPP) တို့မှ ဖြစ်သည်။
ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သူ ၇၂ ဦးကို ပြစ်မှုများ ပိတ်သိမ်းပေးခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1103
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့တွင် နစကမှ ထုတ်ပြန်ကြေညာခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များ အနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၇/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံ ရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များ အနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တရားစွဲဆို အမိန့်ချထားသည့် အမှုပေါင်း ၁၉ မှုအနက် ၅ မှုသာ လွတ်ငြိမ်းသက်သာခွင့် ဖြစ်ခဲ့ကြောင်း၊ ဦးဝင်းမြင့်သည်လည်း တရားစွဲဆို အမိန့်ချထားသော အမှုပေါင်း ၅ မှုထဲမှ ၂ မှုသာ လွတ်ငြိမ်းသက်သာခွင့် ဖြစ်ခဲ့ကြောင်း ရှေ့နေတစ်ဦးက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1480
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်၍ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ်ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ၌ ၎င်းက အထက်ပါ အတိုင်းတင်ပြ သွားခဲ့ခြင်းဖြစ်သည်။
နစက၏ အရေးပေါ် အခြေအနေ ကြေညာထားခြင်း သက်တမ်း ၆ လပြည့်၍ နောက်ထပ် သက်တမ်း ၆ လတိုး ရန်လည်း ကာ/လုံ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ လွှတ်တော် အစည်းအဝေးတစ်ခု အထမြောက်ရန်ဆိုပါက လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ထက်ဝက်ကျော် ဦးရေ တက်ရောက်ပါက အစည်းအဝေးသည် အထမြောက်ပါကြောင်း၊ ပထမနေ့ အစည်း အဝေး အထမြောက်ပြီး ဆက်လက် ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ သုံးပုံတစ်ပုံ တက်ရောက်နိုင်သည်နှင့် အစည်းအဝေးသည် အထ မြောက်နေပြီ ဖြစ်ပါကြောင်း။ ပထမဆုံး ကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအျွှွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီး ဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါသည်”ဟု ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ရစဉ် (တေဇလှိုင်)
သို့သော် ယခုဆွေးနွေးခဲ့သကဲ့သို့ လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော် အစည်းအဝေး အထမြောက်အောင် တပ်မတော်က အတင်းလုပ်ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ်မှတ်သွား နိုင်သော အနေအထားရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်သမ္မတ၊ ဒုသမ္မတ စသည်တို့ ရွေးချယ်သည့် အခါတွင်လည်း အထက် တွင် မိမိပြောခဲ့သကဲ့သို့ ဆောင်ရွက်နိုင်သော်လည်း ပုံရိပ်အရ မသင့်တော်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ်သည်နှင့်အညီ ပြည်သူများက ၎င်းတို့ဆန္ဒဖြင့် ရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ပါဝင်နေရန် လိုပါကြောင်း၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် အထိ ကိုယ်စားလှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတွင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရန် ဆိုသည်မှာ ခက်ခဲမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားသည်မှာ ယနေ့အထိပင် ဖြစ်သည်။
သို့သော် လွှတ်တော်အမတ်အများစုသည် နိုင်ငံတော်က ချီးမြှင့် သည် လွှတ်တော်အမတ်ပင်စင်ကိုတော့ ရရှိကြောင်း၊ တချို့သော လွှတ်တော်အမတ်များကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲ၍ မြန်မာ့ တပ်မတော်အား ပြန်လည်ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1128
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ရွေးကောက်ပွဲကျင်းပနိုင်ရန် မဖြစ်နိုင်သေးခြင်းနှင့် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့တွင် အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အထူးဖိတ်ကြားခံရသူ နစက၏ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။
သက်တမ်းတိုးခဲ့ရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံသည် သာမန်မဟုတ်သည့် အခြေ အနေမှာသာ ရှိနေ သေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု ကာ/လုံက ဆုံးဖြတ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 746
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့ (ဇူလိုင် ၃၁ ရက်နေ့)တွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က ဒုသမ္မတ(၂)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့လည်း တက်ရောက်ခဲ့သည်။
ထို့နောက် ပုဒ်မ ၄၂၅ အရ နောက်ထပ် သက်တမ်း ၆ လတိုးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 972
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဒုသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
နစကနှင့်နီးစပ်သူ တစ်ဦးက “ နံနက် ၁၀ နာရီက ကာ/လုံ အစည်းအဝေး ပြီးတယ်။ အဲမှာ ဦးဟန်နရီဗန်ထီးယူ တက်ရောက်တယ်လို့ ပြောတယ်။ သက်တမ်း ၆ လ တိုးတယ်လို့ကြားတယ်”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ ၁ နှစ်တာဝန်ယူခဲ့ရာ ၆ လ သက်တမ်းကို ၂ ကြိမ်တိုးခဲ့သည်။
အဆိုပါ အရေးပေါ် အခြေအနေ ကြေညာမှု ၂ နှစ်ပြည့်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ် ကာလကို ၆ လ သက်တမ်း တိုးကြောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၃၁ ရက်နေ့မှာ ပြည့်၍ ကာ/လုံ အစည်းအဝေး ခေါ်ကာ နောက်ထပ် သက်တမ်း ၆ လ တိုးခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1099
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
နစကနှင့် NUG တို့အကြား အုပ်ချုပ်ရေးယန္တရား အားပြိုင်မှုများကြောင့် ပြည်သူလူထုများ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသော်လည်း မည်ကဲ့သို့သော အကျပ်အတည်းများကို အဓိက ရင်ဆိုင်နေရကြရသလဲအပေါ် နိုင်ငံ ရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများလည်း ရှိနေသည်။
နစကနှင့် NUG တို့သည် နိုင်ငံတကာ အခင်းအကျင်းတွင် သံတမန်ရေးရာ အားပြိုင်နေသလို အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးများတွင်လည်း အားပြိုင်လျက်ရှိနေသည်။
မြန်မာပြည်တွင် နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရခြင်းကြောင့် စီးပွားရေးမှာလည်း မပြေလည်ဖြစ်နေ ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုများ စားဝတ်နေရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ဘဏ်ရေးရာ ပညာရှင်တစ်ဦးဖြစ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ထမင်း-ဟင်းများ လှူဒါန်းရာတွင် အလုပ်သမားများသွားရောက် စားနေစဉ်
၎င်းက “နံပါတ်တစ် အချက်က နိုင်ငံရေးအရ ပြေလည်အောင် လုပ်ရမှာပေါ့၊ နိုင်ငံရေး မပြေလည်ခဲ့တာ တော်တော် ကြာပြီ လွတ်လပ်ရေး ရကတည်းက တစ်အချက်ပေါ့၊ နှစ်အချက်က ဘာလဲဆိုတော့ ကျနော်တို့မှာ အားနည်းချက် တစ်ခုဖြစ်ခဲ့တာ အယူဝါဒပေါ့၊ ideology နဲ့ international relations IR နဲ့ မကွဲပြားခဲ့ကြဘူး။ ရိုးရိုးလေး ဥပမာပေး ရရင် တရုတ်၊ ရိုးရိုးလေး ဥပမာပေးရရင် ဗီယက်နမ်၊ IR နဲ့ ideology နဲ့ ကွဲပြားတာကို၊ ဒါက နိုင်ငံရေးနဲ့ ပတ်သက် တာကို အဲဒီတော့ နိုင်ငံရေးကောင်းမှလည်း စီးပွားရေးက ကောင်းမှာကို ကျနော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတာ ကို စီးပွားရေးအခြေခံနဲ့ အပေါ်ထပ် အဆောက်အအုံ နိုင်ငံရေးလို့ ပြောတာကို နိုင်ငံရေးရော၊ စီးပွားရေးရော လေ့လာလာတဲ့အခါ ဘာသွားတွေ့လဲ အခါကြတော့ ဆတူအရေးကြီးတာကို တစ်ခါတစ်လေကြတော့ နိုင်ငံရေးက အပေါ်ထပ် အဆောက်အအုံဖြစ်ပြီးတော့ စီးပွားရေးက အခြေခံ အဆောက်အအုံ တစ်ခါတစ်လေကြရင် စီးပွားရေး က အပေါ်ထပ် အဆောက်အအုံဖြစ်ပြီးတော့ နိုင်ငံရေးက အခြေခံ အဆောက်အအုံဖြစ်သွားတာ အခု ဗီယက်နမ်၊ တရုတ် ပြဿနာမရှိဘူး။ ကျနော် အခုလေးတင် ပြောတဲ့ အချက်တွေ ပြန်စဉ်းစားလို့ရှိရင် ကျနော် ဘာပြောချင်လဲ ဆိုတော့ ပေါ်တာပေါ့လေ၊ နံပါတ်တစ်အချက်က စီးပွားရေးရော၊ နိုင်ငံရေးရော ပြေတဲ့လမ်းကြောင်း တစ်ခုအပေါ် ရောက်မှပဲ ကျနော်တို့ အားလုံးက ကျန်တာ ဆက်စဉ်းစားလို့ရမှာပါ” ဟု ပြောသည်။
ဗဟိုဘဏ်မှ ငွေကျပ် ၂၀၀၀၀ တန်ကို ရိုက်နှိပ်မည်ဟု ကြေညာခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် တရားမဝင် ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်က ကြေညာခဲ့သည်။

သတင်းစာ ရောင်းချနေသူ လူငယ် ၂ ဦးကိုတွေ့ရစဉ်
အဆိုပါ နစကနှင့် NUG တို့အကြား တရားဝင်အစိုးရဖြစ်ရေး အားပြိုင်မှုကြောင့် ပြည်သူလူထုသည် အကျပ် အတည်းဖြင့် ပိုမိုရင်ဆိုင်ရကြောင်း သိရသည်။
နိုင်ငံရေးနှင့် စီးပွားရေး ပြည်လည်ကောင်းမွန်ဖို့ ပြည်သူက ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်လာ ရန် အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “စီးပွားရေးရော၊ တည်ငြိမ်ရေးရော သေချာပေါက် ပြည်သူတင်မြှောက်တဲ့ အစိုးရ အမြန်ဆုံး တက်လာဖို့ လိုတာပေါ့၊ အဲဒီတော့ ရွေးကောက်ပွဲ အမြန်ဆုံး လုပ်ပေးနိုင်ဖို့ လိုတယ်၊ ရွေးကောက်ပွဲ လုပ်ဖို့ကလည်း အစ်ကို အရင်ပြောခဲ့သလိုပဲ တည်ငြိမ်တဲ့ ဒေသက ခုနပြောသလို ချင်းတို့၊ မကွေးတို့၊ စစ်ကိုင်းတို့ တည်ငြိမ်မှပဲ ရွေးကောက် ပွဲ လုပ်လို့ရမယ်၊ အဲဒီနေရာမှာ ရှိတဲ့ မြို့နယ်တွေ အရင်ဆုံး တည်ငြိမ်အောင် လုပ်ရမှာပေါ့၊ အဲဒီနေရာတွေ မတည် ငြိမ်သေးသရွေ့ အဲဒီ ၃ ခုကိုပဲ ချန်ထားပြီးတော့ ရွေးကောက်ခံ သမ္မတဆိုပြီး တက်လာလို့ မဖြစ်ဘူးလေ၊ အဲဒါမျိုး ကိုလည်း လက်ခံမှာ မဟုတ်ဘူး။ ဆိုတဲ့အခါကြတော့ ဒီနေရာတွေ မတည်ငြိမ် သေးသရွေ့ကတော့ ကာ/လုံခေါ်တဲ့ အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကစပြီး သမ္မတကို မတည်ငြိမ်သေးတဲ့အတွက် တည်ငြိမ်အောင် ဆောင် ရွက်ခွင့် ပြုပါဆိုတဲ့ဟာကို သူက တောင်းပြီးတော့ ၆ အလီ ထိုင်ရွတ်နေမှာပေါ့၊ ၆ တစ်လီ ၆၊ ၆ နှစ်လီ ၁၂ ဒီလိုပဲ သွားနေလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီး ပြည်သူလူထုများမှာလည်း စားဝတ်နေရေး အခက်အခဲနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှု ဒဏ်များကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။
