
- By CNI News
- Category: နိုင်ငံရေး
- Hits: 1884
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်)တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းထမ်းဆောင်နိုင်မှုများအတွက် နစကဥက္ကဋ္ဌက ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့် အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO(ခွဲထွက်)ဦးလဆန်အောင် ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲတို့ ဖြစ်သည်။
ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူများ
ထို့နောက် ကချင်ပြည်နယ်အထူးဒေသ-၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးအောာင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(PSLA)ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ-(KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ်အထူးဒေသ-၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးအဖွဲ့-ကလလတ)ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်ေးဆာင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့လည်း ဝဏ္ဏကျော်ထင်ဘွဲ့များ ရရှိခဲ့ကြသည်။
ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူများ
အလားတူ ငြိမ်းချမ်းရေးကော်မရှင် လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ JMC-U ဒုဥက္ကဋ္ဌ ဦးပြည့်စုံ၊ JMC-U အဖွဲ့ဝင် များဖြစ်ကြသည့် ဦးမောင်မောင်ငြိမ်း၊ စိုင်းမျိုးသန့်၊ သိက္ခာတော်ရဆရာတော် စောမက်သယူးအေး၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် တည်ဆောင်သူ Dr. Saboi Jum တို့ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့များ ချီးမြှင့်ခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 2762
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၇၅)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး ထူးခွန် ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်း ဦးစန်းယု တို့အပါအဝင် စစ်ဖက်-အရပ်ဖက် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် တံဆိပ်များအား နစကဥက္ကဌက ယနေ့(ဧပြီ ၁၇ ရက်)ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ထူးဆောင် ဆံဆိပ်ကို ဗိုလ်ချုပ်မှူးကြီး စောမောင်၊ဦးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဦးစိန်ဝင်း၊ဦးမောင်မောင်ခ တို့လည်း ရရှိခဲ့သည်။
နစကဥက္ကဌက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများ
နစကဥက္ကဌက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများ
နစကဥက္ကဌက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများ

- By CNI News
- Category: နိုင်ငံရေး
- Hits: 1736
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅
ထိုင်းနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ဘက်တွင် ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၊ မြန်မာ့တပ်မတော်(မဲသဝေါအခြေစိုက်တပ်)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ-၇ စသည့် အဖွဲ့အစည်းများ မှ တပ်မှူးများ ယနေ့(ဧပြီ ၁၅ ရက်) တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုမှာ အလွတ်သဘောဖြစ်ပြီ နှစ်နိုင်ငံ ချစ်ကြည်ရေးအဓွန့်ရှည်ရေး ရည်ရွယ်ချက်ဖြင့် တွေ့ဆုံ ခြင်း ဖြစ်သည်ဟုလည်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။
ထိုင်း-တပ်မတော်-KNLA တပ်မှူးများ တွေ့ဆုံစဉ်
ထိုတွေ့ဆုံမှုတွင် ထိုင်းဘက်က ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်၊ မဲသဝေါအခြေစိုက် မြန်မာ့တပ်မတော်၊ KNLA တပ်မဟာ-၇ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒီးကွယ်နှင့် တပ်ရင်းမှူး တစ်ဦးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်း-တပ်မတော်-KNLA တပ်မှူးများ တွေ့ဆုံစဉ်
မြန်မာ့တပ်မတော်နှင့် KNLA လက်နက်ကိုင်တို့ဖြင့် ရင်းနှီးသူ တစ်ဦးကတော့ ဧပြီ ၂၀ ရက်နေ့ မတိုင်ခင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မျှော်မှန်းထားခြင်းကြောင့် ယခုတွေ့ဆုံမှုက အပေါင်း လက္ခဏာ ဆောင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် မြန်မာ့တပ်မတော်နှင့် KNLA- PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သွားလာမှုများ ရပ်ဆိုင်းထားရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 665
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅
တနင်္လာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့န်ယ၊ ဧကနိရွာမှ လူငယ်များ ပူးပေါင်း၍ သင်္ကြန်အကြတ်နေ့ ယနေ့(ဧပြီ ၁၅ ရက်)တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။
ဓာတ်ပုံ-CJ

- By CNI News
- Category: နိုင်ငံရေး
- Hits: 1223
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)ထောင့် မြန်မာပလာဇာ မြေညီ ထပ်ရှိ Harry’s Bar ဝင်/ထွက်ပေါက်အနီး ဖောက်ခွဲမှု ပြုလုပ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တစ်ဦး သေဆုံးသွား ကြောင်း နစက-က ယနေ့(ဧပြီ ၁၄ ရက်)တွင် ထုတ်ပြန်သွားခဲ့သည်။
ဧပြီ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ် လူ ၃ ဦးကို စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့သည် အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ပစ်ခတ်ထွက်ပြေး၍ လုံခြုံရေးတပ်ဖွဲပဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နစက-က ဆိုသည်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်က Harry's Bar ဗုံးခွဲခံရ
ထို့နောက် ခန့်ကြည်သာ၊ ဟိန်းထက်နိုင်၊ တင့်ထူးနိုင်(ခ)ဂူးဂူးတို့ ၃ ဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည် အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံးတို့နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိထားသော တင့်ထူးနိုင်(ခ) ဂူးဂူးအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
Harry's Bar ဗုံးခွဲသူ သုံးဦီးအနက် သေဆုံးသွားခဲ့သူ တင့်ထူးနိုင်
၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်က အလုံမြို့နယ် သခင်မြပန်းခြံအနီး၌ YBS ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ မတ်လ ၂၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃)မှ ATM စက် ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ ဧပြီ ၁၁ ရက်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့် မြန်မာပလာ ဇာ မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့နောက် စစ်ဆေးမှု ဆက်လက်ပြုလုပ်ရာမှာတော့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ လျှပ်စစ်ရုံးတို့အား ဖောက်ခွဲရန် စီစဉ်ထား ကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း နစက-က ပြောသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1953
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာရှိ နေအိမ် အမြောက်အများ မီးရှို့ခံထားရသည့် ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံများ လက်ခံရရှိထားမှုကို ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဓာတ်ပုံ မှတ်တမ်းများကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့(NASA)နှင့် အမေရိကန် Planet Labs ကုမ္ပဏီတို့က မှတ်တမ်း တင်ထားခြင်း ဖြစ်ကြောင်း၊ ဘင်ကျေးရွာ မီးရှို့ခံရမှုကို မြန်မာ့တပ်မတော်က လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
မီးရှို့ခံထားရသည့် မင်းကင်းမြို့နယ်ထဲက ဘင်ကျေးရွာ(Reuters)
မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး အာဏာရယူပြီးနောက်ပိုင်း ၎င်းတို့ကို လက်နက် ကိုင် ခုခံတိုက်ခိုက်သည့် ဒေသများအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စုစုပေါင်း ကျေးရွာပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ အဆိုပါ မီးရှို့ခံရသည့် ကျေးရွာများအနက် ဘင်ကျေးရွာလည်း ပါဝင်ခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1194
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
ကလေးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့ တပ်များ ကို တိုက်ခိုက်ခဲ့သည်ဟု ကလေး PDF က ဧပြီ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကလေး PDF တပ်ရင်း(၃) အခြေစိုက်စခန်း ၁ ခုကို တပ်မတော်က ဧပြီ ၁၂ ရက်က ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့အတွက် လက်တုံ့ပြန်မှုအဖြစ် တပ်မတော် တပ်ဖွဲ့များ တပ်စွဲထားသော ကလေးမြို့၊ တောင်ဇ လပ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့ တပ်များအတွင်းသို့လည်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကလေး PDF က ထုတ်ပြန် ပြောကြားခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1295
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာ ၇ နေရာမှာ ဖောက်ခွဲမှုလုပ်ရန် ပြင်ဆင်နေသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ယနေ့(ဧပြီ ၁၃ ရက်)ထုတ်ပြန် သွားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်ရှိ ပိုင်အိုးနီးယားကလပ်၊ လှိုင်သာယာမြို့နယ် ဘုရား လမ်းရှိ မော်ဒန်ဝမ်းတူး KTV၊ မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပအဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဗီလာ၊ လှိုင်သာယာ မြို့နယ်ရှိ ထွန်းဖောင်ဒေးရှင်းရုံး၊ ကြည့်မြင်တိုင်မြို့နယ်-ကမ်းနားလမ်းရှိ Sky Way Club၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံ စသည့် နေရာ ၇ နေရာတွင် ဖောက်ခွဲရေးလုပ်ရန် ပြင်ဆင်နေစဉ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများ ဖြစ်ကြောင်း ဆိုသည်။
ထိုဖမ်းဆီးခံရသူများမှာ သီရိဝေ(ခ)မဝေ၊ ရှမွေလ(ခ)ဦးရှင်ကြီး၊ ဇော်မင်းသိန်း၊ ကျော်ဇောဝင်း၊ လှမင်းသိန်း၊ ဇေယျာထွန်း၊ သက်ပိုင်စိုး၊ အေးချမ်းကိုကို၊ ထွန်းမင်းကျော်၊ ကျော်ကျော်အောင်(ခ)ကျော်ကြီး၊ ရန်ပိုင်ဌေး၊ ဒန်နီရယ်(ခ)နေပွဲသော၊ ပိုင်သက်စံ၊ စောကော်မူး(ခ) ဂိုးချွန်း၊ မြတ်ထွေး၊ နော်ရှီးခူဆဲတို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် M-16 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး၊ ကျည် မျိုးစုံ ၁၇၆၅ တောင့်၊ ကျည်အိမ် ၄ ခု၊ MK-12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ မှန်ပြောင်း ၂ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၅၀၀ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခု၊ ယမ်းချောင်း ၈၀ ချောင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြု လုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နစက-က ထုတ်ပြန်သွားခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1846
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ရှမ်းနီအမျိုးသားဒေသအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်း၏ အကျိုးစီးပွားကို နှောင့်ယှက် ပျက်စီးသူများ ကို ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ယနေ့(ဧပြီ ၁၃ ရက်)တွင် ထုတ် ပြန် ပြောကြားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းနီအမျိုးသားများ ဒေသအတွင်း၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထု အပေါင်း၏ အကျိုး စီးပွားကို နှောင့်ယှက်ပျက်စီးစေမည့် လုပ်ရပ်များအား လုပ်ဆောင်သော မည်သည့် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ရှုံ့ချ ကြောင်း ဖော်ပြထားသည်။
SNA က “အဆိုပါ ရှမ်းနီအမျိုးသားဒေသအတွင်းရှိ ပြည်သူလူထု၏ အကျိုးစီးပွားကို နှောင့်ယှက်ပျက်စီးရန် ဆောင်ရွက်သူ မှန်သမျှအား ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ထိရောက်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန် လိုက်သည်”ဟု ပြောသည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သည်။