
- By CNI News
- Category: နိုင်ငံရေး
- Hits: 944
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈
ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်း နယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိလာနိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် ယနေ့ (ဇွန်လ ၈ ရက်)တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ရှိရန်လို ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး ခေတ် အဆက် ဆက် နိုင်ငံ၏ လိုအပ်ချက်များအရ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုများ ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် တာဝန်ရှိသူများမှ ဥပဒေအရ တာဝန်ယူရှင်းလင်းခြင်း မပြုသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ယခုအခါ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်၍ ဆွေးနွေး လျက်ရှိပြီး ကျန်ရှိသည့် အဖွဲ့များနှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရှိရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းနယ်မြေများရှိ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုရှိလာနိုင်ကြောင်း၊ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ(Genersl Election)ဆိုသည့် စကားနှင့် အညီ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်ရန်လိုတယ်”ဟု ပြောသည်။
ထို့နောက် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပနိုင်မှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန် ကန် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်သားများ အနေဖြင့် မိမိတို့ ကျရာတာဝန်များကို စစ်သား စိတ်မွေး၍ ကျေပွန် စွာ ဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲထည့်အပြီး မြင်တွေ့ရစဉ်
လက်ရှိတွင် မြန်မာနိုင်ငံကို တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ ၍ အရေးပေါ်ကြေညာကာ အုပ်ချုပ်လျက်ရှိနေသည်။
ထို့ကြောင့် တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်မှုများရှိသလို လက်နက်ကိုင် တိုက်ခိုက်ရေး နည်းလမ်းဖြင့် ပြန်လည် ဖြုတ်ချ ချရေး ဒီမိုကရေစီအင်အားစုများက ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများသည် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1077
CNI International News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈
လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပမည့် အိန္ဒိယ- အာဆီယံ အစည်းအဝေးတွင် မြန်မာ၏ နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ကြားဘဲ နိုင်ငံရေးကို ကိုယ်စားမပြုသူ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွားရန် အိန္ဒိယက ဆုံးဖြတ်ထားသည်ဟု အိန္ဒိယသတင်းဌာန The Economic Times မှ ရေးသားဖော်ပြထားသည်။
အဆိုပါ အိန္ဒိယ-အာဆီယံ အစည်းအဝေးကို နယူးဒေးလီမြို့မှာ ကျင်းပသွားမှာ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1707
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇
အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် ဖြစ်သူ မန်းဝင်းခိုင်သန်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှေ့ တန်း စခန်းတစ်ခုကို သွားရောက်၍ ရဲဘော်များဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
NUG သည် PDF ကို ဖွဲ့စည်း၍ ဒီမိုကရေစီအရေး နွေဦးတော်လှန်ရေးကို ဆောင်ရွက်နေသူများဖြစ်ကြသည်။
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း
PDF ရှေ့တန်းစခန်းတစ်ခုမှာ တွေ့ရတဲ့ NUG ၏ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း

- By CNI
- Category: နိုင်ငံရေး
- Hits: 810
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇
ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇွန်လ ၇ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုကို NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
NUG ထုတ်ပြန်ချက်
NUG သည် နစက၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန် ကြားကာလ တရား ဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့်ပူးပေါင်း၍ တား ဆီးရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို ပြည်သူ့ရဲတပ်ဖွဲ့ကို ရဲအင်အား မည်မျှဖြင့် ဖွဲ့စည်းကြောင်းနှင့် NUG တွင် ရဲတပ်ဖွဲ့ဝင် အင်အား မည်မျှ ရှိကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေ။
သို့သော် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ NUG နှင့် ပူးပေါင်းနေသော CDM ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော် ရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1339
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇
အနာဂတ်နိုင်ငံတော်နှင့် ဒီမိုကရေစီလမ်းကြောင်း ပီပြင်စွာ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
USDP ၏ ဗဟိုကော်မတီ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ကျနော်တို့ ဒီဗဟိုကော်မတီ အစည်းအဝေးကြီးဟာဆိုလို့ရှိရင် ကျနော်တို့ အနာဂတ် နိုင်ငံတော် အတွက် ရော၊ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုပေါ့နော်၊ ဒါကို ပီပြင်စွာ ဖော်ဆောင်နိုင်ဖို့အတွက် ရှေ့လုပ်ငန်း စဉ်များနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာလေးကို ကျနော့်အနေနဲ့ သတင်းကောင်း ပါးအပ်ပါတယ်ဗျ” ဟု ပြောသည်။
ယခု ရက်ပိုင်းအတွင်း ကျင်းပမည့် USDP ပါတီ၏ ညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ပြုလုပ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြသည်။
USDP ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ပတ်သက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ ၏ ဆန္ဒသဘောပေါ် မူတည်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် အဆင်သင့်ဖြစ်နေရန် ဗဟိုကော်မတီ အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ အစိုးရဖွဲ့နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း USDP မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောသည်။
၂၀၁၆ ခုနှစ်က USDP ပါတီ ညီလာခံကျင်းပစဉ်
၎င်းက “ဘာတွေ ပြင်ဆင်ထားတာ ရှိသလဲဆိုတော့ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုလို့ရှိရင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက်ကို အရန်သင့်၊ အဆင်သင့် ဖြစ်အောင်အတွက်ကို ဒီဗဟိုကော်မတီ အစည်းအဝေးကနေပြီးတော့ ရှေ့လုပ် ငန်းစဉ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုချမှတ်တဲ့ ဟာလည်းပဲ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီတွေရဲ့ သူတို့ရဲ့ အမြင်တွေကို ဖလှယ်ပြီးတဲ့ အခါကြတော့ သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြမယ်၊ ဒီလိုတင်ပြတဲ့ အပေါ်မှာ ရှေ့လုပ်ငန်းစဉ် ဆိုတာ ပေါ်ပေါက်လာမယ်၊ ဒီရှေ့လုပ်ငန်းစဉ် ပေါ်ပေါက်လာတဲ့ အပေါ်မှာ ကျနော်တို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ပါတီတိုင်းဟာ ဆိုလို့ရှိရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့အခါမှာ မိမိတို့ အစိုးရဖွဲ့နိုင်ရေး၊ မိမိတို့ လွှတ်တော်ပေါ်မှာ ထိုင်ခုံရရှိရေးအတွက်ကို ဒါပါတီတိုင်း ကြိုးစားကြတာ ဖြစ်ပါတယ်။ အလားတူပါပဲ ကျနော်တို့ဟာ ပါတီများထဲက ပါတီတစ်ခု ဖြစ်တဲ့အတွက် ဒီအတိုင်းပဲ ကြိုးစားဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြော သည်။
လက်ရှိ နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တက်ရောက်လာကြသည့် အဖွဲ့အစည်းများကို ထောက်ခံကြိုဆို ကြောင်းနှင့် အချိန်တိုအတွင်း ညှိနှိုင်းဆွေးနွေး၍ ရလဒ်များ ရရှိမှာ ဖြစ်သည့်အတွက် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်မည်ဆိုပါက ငြိမ်းချမ်းရေးမှာ ခြေလှမ်းတစ်ခု ရနိုင်မည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။
လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၂ ဦး၊ ဗဟိုကော်မတီ ဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 966
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား နစကမှ သေဒဏ် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်လာသည့်တိုင် မြန်မာနိုင်ငံ၏ တည်ဆဲတရားဥပဒေများအရ တရားမဝင် နစကမှာ သေဒဏ် အမိန့်ကို အကောင်အထည်ဖော်ခွင့်မရှိကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(မြန်မာနိုင်ငံ)က ဇွန်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် ဂျနီဗာကွန်ဗင်းရှင်းတို့တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များ၊ ၂၀၁၀ ခုနှစ်တွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံ့ပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၆၅/၂၀၆ အပါအဝင် နိုင်ငံတကာ ကျင့်ဝတ်များအရလည်း တရားမဝင် နစက (မူရင်း- အာဏာသိမ်းစစ်ကောင်စီ)မှာ သေဒဏ် အမိန့် ကို အကောင်အထည် ဖော်ပိုင်ခွင့်မရှိဟု ဖော်ပြထားသည်။
MPU က “မြန်မာနိုင်ငံ၏ တည်ဆဲတရားဥပဒေများအရ တရားမဝင် အာဏာသိမ်း စစ်ကောင်စီမှာ သေဒဏ် အမိန့်ကို အကောင်အထည်ဖော်ခွင့်မရှိပါ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်သော ဦးဂျင်မီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အား ဥပဒေနှင့်အညီမဟုတ်ဘဲ စစ်ဆေးပြီး စစ်ခုံရုံးမှ မျက်ကွယ်မှာ တဖက်သတ် သေဒဏ်ချမှတ်ကာ ထိုစီရင်ချက် အမိန့်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ပါ က စစ်ကောင်စီ ပြန်လည် ပေးဆပ်ရမည့် အကျိုးဆက်များမှာ အတိုင်းအဆမရှိ ကြီးမားလိမ့်မည်”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျင်မီတို့အား နစက-က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် သေဒဏ် အမိန့်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1480

- By CNI
- Category: နိုင်ငံရေး
- Hits: 1574
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆
လက်ရှိ နွေဦးတော်လှန်ရေးမှာ အတိုင်းအတာ တစ်ခုအထိ ခရီးရောက်နေပြီ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ မှ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုမန်းမန်းက CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအပေါ် တပ်မတော်ဘက်မှ သွေးခွဲမှုများ လုပ်ဆောင်နေ ကြောင်း၊ မိမိတို့ အနေဖြင့် အောင်ပွဲရသည်အထိ တွန်းလှန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပဒိုမန်းမန်းက “ပဋိပက္ခဆိုတာထက် အခုကျနော်တို့ တော်လှန်ရေးပဲ ပြောရမှာပေါ့၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးနဲ့ နွေဦးတော်လှန်ရေးနဲ့ကတော့ ဒီအခြေအနေ ဒီကာလမှာ စစ်ကောင်စီ အနေနဲ့က ဘယ်လောက်ပဲ ကျနော်တို့ကို သွေးခွဲ၊ ဖောက်ထွက် ဆောင်ရွက်သည်ဖြစ်စေ၊ ကျနော်တို့ရဲ့ ဒီအချိန် ဒီကာလမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့တွေရော၊ လက်ရှိ နွေဦးတော်လှန်ရေးကတော့ တော်တော်လေးကို ခရီးရောက်နေပြီလို့ပဲ ယေဘုယျအားဖြင့် ပြောလို့ ရမှာ ဖြစ်တယ်၊ ဒီအတွက်ကတော့ ကျနော်တို့ ဆက်ပြီးတော့မှ အောင်ပွဲရတဲ့ အထိတော့ တွန်းလှန်သွားမှာ ဖြစ်တယ်၊ အောင် ပွဲလည်းပဲ တကယ်မုချရမယ်လို့ ပြောလို့ရပါတယ်”ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ နှင့် ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် တပ်မတော်အကြား လက်ရှိ အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ တို့ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံစဉ်
သို့သော် တခြားတစ်ဖက်တွင် နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို တွေ့ဆုံဆွေးနွေး လျက်ရှိသည်။
နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် NUG၊ PDF တို့အကြား သွေးခွဲမှုဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။
ပဒိုမန်းမန်းက “ဒါကတော့ အရင်က ကျနော်ပြောသလို သူတို့ရဲ့ လုပ်ရိုး၊ လုပ်စဉ် သေနင်္ဂဗျူဟာအရ၊ နည်းဗျူဟာအရပဲ ဆောင်ရွက်တာ အဆန်းကြီးတော့ မဟုတ်ဘူး။ အဓိကကတော့ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ကို အဲဒါကို ခွဲထုတ်ဖို့ ခွာထုတ်ဖို့ အတွက်ပေါ့၊ သွေးခွဲဖို့ ဆိုလည်း ပြောလို့ရပါတယ်။ အဓိက ဒါမပေါင်းစည်း နိုင် အောင်အတွက် သူက ဒါခွာထုတ်တဲ့၊ ခွဲထုတ်တဲ့ နည်းတစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲလည်း အဲဒါလည်းပဲ သူတို့ အတွက်ကတော့ အောင်မြင်မယ်လို့ မထင်ပါဘူး။ အောင်လည်း မအောင်မြင်ထိုက်ပါဘူး။ အဲဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
နွေဦးတော်လှန်ရေး စစ်တပ် ဆန့်ကျင်မှုတစ်ခု
လက်ရှိတွင် နစက ဥက္ကဋ္ဌသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့် လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA-မိုင်းလားအဖွဲ့)မှ ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။
နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက် တစ် အစည်အရုံး(LDU)တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်း တချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 914
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆
ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် နစက၏ သတင်းထုတ်ပြန်ချက်သည် လူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီတို့ကို သေဒဏ်အမိန့်ပေးလိုက်ကြောင်းကို အတည်ပြုသည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၃ ရက်နေ့က သတင်းမီဒီယာများကို ပြောကြား ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က “ ဒီမိုကရေစီလိုလားသည့် အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင် အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန် ပြည်ထောင်စု ပြင်းထန်စွာ ရှုတ်ချပါသည်”ဟု ပြောသည်။
ထို့နောက် မတရားဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်ဟုလည်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်
လက်ရှိတွင် ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့အား သေဒဏ် အတည်ပြုသည်ဟု နစက-က ထုတ်ပြန်ထား သော်လည်း သေမိန့်ပေးခြင်း ရှိ၊မရှိကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော်တို့ ၈၈၈၈ အရေးတော်ပုံ နောက်ပိုင်းမှာလည်း ကိုယ်ယုံကြည်ရာ နည်းလမ်းနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့် သေဒဏ်ကျ ရဲဘော်တွေ ကျနော်တို့နဲ့ အတူနေခဲ့ရတာပါပဲ၊ အဲဒီတော့ သေဒဏ်ကနေပြီး တော့ တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကနေ ၁၀ နှစ်စီဆိုပြီးတော့ လွတ်မြောက်သွားတဲ့ဟာတွေ အများကြီး ကျနော်တို့ ကြုံခဲ့ပြီးပါပြီ။ ဥပမာ အားဖြင့် ပြောရရင် ရေနံချက်စက်ရုံရော နောက်ပြီးတော့ မြို့တော်ခန်းမရော ဗုံးနှစ်လုံးပေါ့၊ နှစ်နေရာ ဖောက်ခွဲခဲ့တဲ့ ပုဂ္ဂိုလ်ဆို လို့ရှိရင် သေဒဏ်ကနေ အနှစ် ၂၀၊ အနှစ် ၂၀ ကနေ ၁၀ နှစ်စီဆိုပြီးတော့ ဒါ ၇ နှစ် ကျော်ကျော်လောက် နေပြီးတော့ ပြန်လွတ် သွားတာက ကျနော်တို့ လွတ်ခါနီးမှာကို အတူတူ နေခဲ့ရပါသေးတယ်၊ ဒါကြောင့်မို့လို့ အခုဖြစ်တဲ့ ကိစ္စမှာလည်းပဲ နိုင်ငံရေးအရ ဖြစ်ပေါ်တဲ့ ကိစ္စမှာ နိုင်ငံရေးအရပဲ ကျနော်တို့ ရလဒ်ကောင်းတွေ ထွက်လာဖို့ မိသားစုတွေနဲ့ စုံစည်းနိုင်ဖို့အတွက် မျှော်လင့် ရ မှာ ဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ဇွန်လ ၄ ရက်က ပြောကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့ကြောင့် တပ်မတော် ဆန့်ကျင်ရေးနှင့် လက်နက်ကိုင် တိုက်ခိုက်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေသည်။