CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးခြင်း (၇)နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယနေ့ (အောက်တိုဘာ ၁၅ ရက်)တွင် နေပြည်တော်မှာ ကျင်းပသွားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁ ဦးတို့ကို သီးသန့်စီ ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံရေးပါတီတချို့နှင့် ယခင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ တချို့ကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့ လက်မှတ်ထိုးခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးခဲ့သည်။