CNI News

၂၀၂၂ ခုနှစ်၊ မေလ ၄

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်ထဲရေးဝန်ကြီးဌာနဦးဆောင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (မေလ ၄ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို NUG ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ မည် ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရားရေးဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ်လည်း ကောင်း အသီးသီး တာဝန်ယူကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။