CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄

ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)ထိပ်တွင် ဧပြီ ၂၃ ရက် ည ၁၀ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကားနှင့် မော်တော်ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့သလို အနီးအနားရှိ နေအိမ် တချို့၏ ပြတင်းပေါက်များ ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ ပြင်းထန်ကြောင်း၊ လူထိခိုက်မှု ရှိ/မရှိကိုတော့ အတိ အကျ မသိရသေးကြောင်း သိရသည်။

လက်ရှိတွင် မီးသတ်တပ်ဖွဲ့က ပေါက်ကွဲမှုကို တည်ငြိမ်အောင် မီးများ ငြိမ်းသတ်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် ပေါက်ကွဲမှုဖြစ်

 

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် ပေါက်ကွဲမှုဖြစ်