CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပနေရာ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်၌ ဒရုန်း တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပြည်သူလူထုသည် ရွေးကောက်ပွဲ နေ့မှာ မဲလာရောက် ပေးခဲ့ကြသည်။

ဒီဇင်ဘာ ၂၇ ရက်က ‌ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေဖြင့်  မြဝတီမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ရုံး အပါအဝင် အနီးအနားရှိ အဆောက်အအုံများ ဒရုန်းဗုံးချ တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက လုပ်ဆောင်သည်ကိုတော့ မသိရသေးပေ။