CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

ရေစကြို-ချောင်းဦး ကားလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာသည့် ကားများကို ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ (ဧပြီ ၂၃ ရက်)ထုတ်ပြန်ခဲ့ သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)မှ ရေစကြိုမြို့နယ်တွင်း လမ်းမကြီးများအား လိုအပ်လျင် စစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ခရီးသွားကားများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)က ကားများကို စစ်ဆေးနေစဉ်

ထို့နောက် စစ်ရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်များအရ ရေစကြိုမြို့နယ်တွင်း လမ်းများအား ပိတ်သွား မည်ဖြစ်ကြောင်း၊ ကြိုတင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။