CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ရေစကြို၊ မြိုင်၊ ဆားလင်းကြီး မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပူးပေါင်း၍ ယနေ့ (ဇွန်လ ၉ ရက်) နေ့လယ် ၁၂ နာရီမှ ၁ နာရီထိ တိုက်ခိုက်ခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဂိတ်စောင့် လုံခြုံရေးတပ်ဖွဲ့များထံမှ G-3 ၄ လက်၊ အူစီ ၃ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် အတောင့် ၁၀၀၀၊ ဆိုင်ကယ် ၄ စီး၊ ငွေသား သိန်း ၁၁၀ ၊ ဗုံးသီး ၁ လုံး စသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဂိတ်စခန်း ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဖြူရှင်တံတားဂိတ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ PDF များ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများ

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုမြို့နယ်)က ပြောသည်။