CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

တပ်မတော်(လေ) တံတားဦးလေတပ်စခန်းမှ ပုံမှန်လေ့ကျင့် ပျံသန်းလျက်ရှိသည့် တိုက်ခိုက်ရေးလေယာဉ် တစ်စီးသည် ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ရေး ဧရိယာအတွင်း လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်း၍ ပျက်ကျခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ထို လေယာဉ်သည် လေ့ကျင့်ရေးဧရိယာတွင် ပုံမှန်လေ့ကျင့် ပျံသန်းမှုများ ဆောင်ရွက်နေစဉ် ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး တပ်မတော်(လေ)က လေယာဉ် တစ်စီးဖြင့် လိုက်လံရှာဖွေခဲ့စဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ၏ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း စက်ချို့ယွင်းကာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ပျက်ကျမှုဖြစ်စဉ်တွင် လေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီး ဟိန်းထက်အောင် သေဆုံးခဲ့ကြောင်း သိရသည်။
ပျက်ကျခဲ့သည့် လေယာဉ်အမျိုးအစားသည် မည်သည့် အမျိုးအစား ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်ခြင်းမရှိပေ။