CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကို တည်ထောင်ခဲ့သူ ဖုန်ကြားရှင်(ဖုန်ကြားစင်း)သည် ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၅ နာရီ ၄၀ မိနစ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဖုန်ကြားရှင် ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ ဖုန်ကြားရှင်သည် ကိုးကန့်စော်ဘွား လက်ထက်တွင် ကာကွယ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)သို့ ဝင်ရောက်ခဲ့သည်။

ဖုန်ကြားရှင်သည် CPB တွင် တပ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၈၉ ခုနှစ် CPB ပုန်ကန်မှု၌ ပထမဆုံး ပုန်ကန်ခဲ့သူဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)ကို ပုန်ကန်ခဲ့ပြီးနောက် ဖုန်ကြားရှင်သည် MNDAA ကို ဖွဲ့စည်း၍ တပ်မတော်နှင့် ငြိမ်းချမ်း ရေးယူကာ အထူးဒေသ(၁) အဖြစ် ကိုးကန့်ဒေသကို အုပ်ချုပ်ခွင့်ရရှိခဲ့သည်။