CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဘာသာပြန်သူ ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း ယနေ့ (သြဂုတ် ၁၅ ရက်)တွင် ကွယ်လွန်သွားကြောင်း RCSS ဘက်က အတည်ပြုပြောကြားသည်။

ကွယ်လွန်သွားသည့် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းကိုတွေ့ရစဉ် (Tai Freedom)

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းသည် RCSS ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယူခဲ့သလို ဗိုလ်ချုပ်ကြီးယွက်စစ်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များတွင် လိုက်ပါ၍ ဘာသာပြန်ပေးခြင်း တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်သည် ယနေ့ (သြဂုတ် ၁၅ ရက်) နံနက် ၃ နာရီက ချင်းမိုင်ခရိုင်၊ မယ်ရိမ်းမြို့နယ် နခွန်းဖင်း ဆေးရုံမှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။