CNI International News
အတ္တလန္တာ၊ ဖေဖော်ဝါရီ ၁၆
ယခုလ အစောပိုင်းက နုတ်ထွက်ခဲ့ရသော CNN သတင်းဌာန၏ဥက္ကဋ္ဌ ဂျက်ဖ်ဇူကာ (Jeff Zucker)နှင့် လျှို့ဝှက်ဆက်ဆံရေး အပါအဝင် ကျင့်ဝတ်ချိုးဖောက်မှုများ စုံစမ်းတွေ့ရှိရပြီးနောက် ၎င်းသတင်းဌာနမှ အမှုဆောင်တစ်ဦးဖြစ်သူ အယ်လီဆန်ဂေါ လက်(Allison Gollust)သည် ရာထူးမှ နုတ်ထွက်ပေးရမည့် ကုမ္ပဏီ၏နောက်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ကြောင်း rt.com က ဖော်ပြ သည်။
“ခရစ္စကွာမိုနဲ့ အုပ်ချုပ်ရေးမှူးဟောင်း အင်ဒရူးကွာမိုတို့နဲ့ ပတ်သက်နေတဲ့ ပြဿနာတွေကို ကုမ္ပဏီက အပြီးသတ် စုံစမ်း စစ်ဆေးပြီးတဲ့အခါ ဒီနေ့ အစောပိုင်းမှာပဲ အယ်လီဆန်ဂေါလက်ဟာ CNN ကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်” ဟု Time Warner ၏ အမှုဆောင်အရာရှိချုပ် ဂျက်ဆန်ကီလာက ဖေဖော်ဝါရီ ၁၅ ရက်၌ ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့ သည်။
“လူပေါင်း ၄၀ ကျော်ဆီက အမေးအဖြေတွေ၊ စာသားတွေ၊ အီးမေးလ်တွေ ၁ သောင်းကျော်လောက်ကို အခြေခံ သုံးသပ်ပြီး တော့ ဂျက်ဖ်ဇူကာ၊ အယ်လီဆန်ဂေါလက်နဲ့ ခရစ္စကွာမိုတို့ကို CNN ရဲ့ သတင်းစံနှုန်း၊ ကျင့်ထုံး အပါအဝင် ကုမ္ပဏီမူဝါဒ ချိုး ဖောက်မှုတွေ ဖော်ထုတ် တွေ့ရှိရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီအကြောင်းကို သိရတာ စိတ်ရှုပ်စရာ၊ စိတ်ပျက် စရာတွေနဲ့ နာကျင်ရတယ်ဗျာ”ဟု ဂျက်ဆန်ကီလာက ဆက်လက်ပြောကြားခဲ့သည်။
CNN ကနေ နုတ်ထွက်ခဲ့ရတဲ့ အမှုဆောင် အယ်လီဆန်ဂေါနဲ့ ဥက္ကဋ္ဌ ဂျက်ဖ်ဇူကာတို့ကိုတွေ့ရစဉ်(GETTY IMAGES)
၎င်းအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်ကို မည်သို့တုံ့ပြန်ရန် ၎င်း၏အစ်ကိုဖြစ်သူ နယူးယောက် ပြည်နယ်အုပ်ချုပ် ရေးမှူး အင်ဒရူးကွာမို အကြံပေးခဲ့ခြင်းအား CNN မှ သတင်းကြေညာသူ ခရစ္စကွာမိုက သိရှိခဲ့ပြီးနောက် ကုမ္ပဏီ၏ စုံစမ်း စစ်ဆေးမှု စတင်ခဲ့သည်။
အင်ဒရူးကွာမိုသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်ခဲ့ရပြီး ခရစ္စကွာမိုကတော့ ထိုနှစ် အကုန်ပိုင်း ဒီဇင်ဘာလတွင် CNN သတင်းဌာနမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ဂျက်ဖ်ဇူကာသည် ယခုလ ဖေဖော်ဝါရီ ၂ ရက်တွင် CNN ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးခဲ့ရပြီး အင်ဒရူးကွာမိုအတွက် ယခင်က ဆက်သွယ်ရေး ဒါရိုက်တာ တာဝန်ယူခဲ့ဖူးသူ အယ်လီဆန်ဂေါလက်နှင့် ၎င်းတို့ချင်း သဘောတူ နားလည်မှုကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
Source: rt.com