CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ပုဒ်မ ၅၀၅(က)နှင့် ထောင်ဒဏ်(၃) နှစ် ချမှတ်ခံထားရသော သရုပ်ဆောင် ပိုင်တံခွန်သည် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီကနေ့ (ပြည်ထောင်စုနေ့)မှာ ပြန်လည်လွတ်မြောက်လာပြီဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း သရုပ်ဆောင် ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးက သူ့၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
မေချစ်သွေးက “တစ်နှစ်သာဖြစ်သွားတယ် အဲ့ဟာကြီးက ပျောက်မသွားသေးဘူး။ပိုင်တံခွန် ခုထိ မလွတ်သေးပါနော်။ မိသားစုက သူ့အရိပ်တောင် မမြင်ရသေးပါဘူး။ မနက်တည်းက ဖုန်းတွေဆက်တိုက်လာနေတာ ဖြေရတာ မောလာလို့ပါ။လွတ်လာရင် ပြောပါ့မယ်ဗျာနော်” ဟု ရေးသားထားသည်။
သရုပ်ဆောင် ပိုင်တံခွန်ကဲ့သို့ပင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီဟု ပြောဆို ရေးသားနေကြသည်များလည်း ရှိသည်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန်တို့သည် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရသူများဖြစ်သည်။