CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေးဒေသ၊ ငလန်ရွာတွင် CDF Zophei အဖွဲ့ ဦးဆောင်မှုဖြင့် ဖက်ဒရယ် ပညာရေးစနစ်ဖြင့် ကျောင်းစတင် ဖွင့်လှစ်နေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Chin World မှ ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ စာသင်ကျောင်းကို တစ်ပတ်လျှင် ၄ ရက်ဖွင့်လှစ်၍ CDM ဆရာ/ဆရာမများက သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

စာပေသင်ကြားရေးအနေဖြင့် ပထမတစ်သုတ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ သတ်မှတ်၍ စတင်မည်ဖြစ်ကြောင်း၊ စာသင်ကြားချိန်ကို တစ်ပတ်လျှင် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ မနက် ၈ နာရီခွဲ ကနေ နေ့လယ် ၁ နာရီခွဲအထိ သင်ကြားပေးမည်ဖြစ်ကြောင်း Chin World က ရေးသား ဖော်ပြထားသည်။