CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈
NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော လက်နက်ကိုင်အဖွဲ့များအားလုံး ထာဝရ ငြိမ်းချမ်း ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ရန် နစက၏ ဖိတ်ခေါ်ချက်အပေါ် တက်ရောက်ရေး မတက်ရောက်ရေး ဆုံးဖြတ် ချက် မရှိသေးသလို ဆွေးနွေးနေဆဲဟု NDAA နှင့် KIA က ပြောသည်။
အဆိုပါ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး မိမိတို့ အဖွဲ့အစည်းအတွင်း ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း အမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော်(NDAA- မိုင်းလား)မှ အထွေထွေအတွင်းရေးမှူး ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs)နှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) တက်ရောက် ဆွေးနွေး ကြပါရန် ဖိတ်ကြားကြောင်း နစက-က ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ချက်များ မရှိသေးကြောင်း KIA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကိုတွေ့ရစဉ်
၎င်း“ဟုတ်ကဲ့ပါ ကျနော်တို့ KIO ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်တွေ ဘာမှမရှိသေးဘူးခင်ဗျ၊ ကျနော်တို့ဆီမှာ ညွှန်ကြား ထားတာမရှိဘူး။ အဲဒါကြောင့် ကျနော်က ပြောလို့မရဘူး၊ အဲဒါလည်း ခုနပြောသလို ကျနော်တို့ကို ညွှန်ကြားတာ မရှိဘူး၊ ကော်မတီရဲ့ သုံးသပ်ချက်တွေ၊ သဘောထားအမြင်တွေ ကျနော်တို့ကို ညွှန်ကြားတာမရှိဘူး၊ အဲဒါကြောင့် ကျနော်လည်း ပြောလို့မရဘူး အဲကိစ္စကတော့”ဟု CNI သတင်းဌာနသို့ ပြောသည်။
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကတော့ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက် ရောက်မှာမဟုတ်ဘူးဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က CNIသတင်းဌာနသို့ ပြောသည်။
NDAA၊ KIA၊ TNLA တို့သည် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MNDAA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များ ဖြစ်ကြသည်။
ထို့နောက် NCA မထိုးရသေးဘဲ ညှိနှိုင်းမှုများ ပြုလုပ်နေရသည့် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ဖြစ်သည်။