CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇

အစိုးရအဆက်ဆက်၏ လွဲမှားသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရ ချဉ်းကပ်ဖြေရှင်းမှုများကြောင့် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံသည် လူမှုစီးပွားအသီးအပွင်များ ရရှိခံစားခဲ့ရခြင်းမရှိဘဲ စစ်ပွဲများဖြင့်သာ ကြုံဆုံခဲ့ကြရသည်ဟု ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ(CSSU)က ထုတ်ပြန် ပြောကြားခဲ့သည်။

ယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် CSSU မှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ချက်မှာ အထက်ပါအတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

CSSU က “မျက်မှောက်အချိန်တွင် မိမိတို့ပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံတို့သည် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက် ခဲ့သော စစ်ပွဲများကြောင့် လူမှုစီးပွားအဆင်ပြေသည့် အချိန်ကို ကြုံဆုံခဲ့ရခြင်းမရှိသေးပေ။ အစိုးရအဆက်ဆက်၏ လွဲမှားသော ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်ဖြေရှင်းမှုများကြောင့် ကောင်းမွန်သည့် လူမှုစီးပွားအသီးအပွင့်များကို ရရှိခံစားခဲ့ရ ခြင်း အလျဉ်းမရှိသေးပေ။ စစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား နှစ်ပေါင်း ၇၀ ကျော်ကြာသည့် စစ်ပွဲများနှင့်သာ ကြုံဆုံခဲ့ကြရသည်”ဟု ပြောသည်။

ထို့နောက် ၁၉၅၉ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် စဝ်ဖ(စော်ဘွား)များသည် ပြည်သူလူထုသို့ အချုပ်အခြာအပ်နှင်းနိုင်ရန်အတွက် အာဏာစွန့်ခွဲသော်လည်း ၁၉၆၂ ခုနှစ်၌ စစ်အာဏာသိမ်းခဲ့သည့်အတွက် အချုပ်အခြာ၏ မူရင်းပိုင်ရှင်ဖြစ်သော ပြည်သူ အပေါင်းတို့သည် လွတ်လပ်ရေးရရှိသည့် အချိန်မှစ၍ အချုပ်အခြာအာဏာကို ကျင့်သုံးပိုင်ခွင့်နှင့် အခြေခံ လူ့အခွင့်အရေး များကို မရရှိခဲ့ကြောင်း CSSU ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

၎င်းက “၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းသော ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပါတီအာဏာရှင်စနစ်ကို အသက် သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည့်အတွက် ပြည်သူတို့၏ လူမှုဘဝသည် အာဏာရှင်များ၏ အလိုကျသာ ဖြစ်ပျက် ခဲ့ရပြီး ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးသာမက လူမျိုး၊ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ၊ စာပေနှင့် သမိုင်းဆိုင်ရာ အခွင့်အရေးတို့ပါ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။သက်ဆိုင်ရာ လူမျိုးတို့၏ ပင်လုံစာချုပ်နှင့် ကတိက ဝတ်များတွင် ပါရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ပါ နစ်နာဆုံးရှုံးခဲ့ရသည်”ဟု ပြောသည်။

ထို့နောက် မိမိတို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီသည် ပြည်နည်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်အမှတ်သရုပ် များကို အပြန်အလှန်လေးစား အသိအမှတ်ပြုကြောင်း၊ အချုပ်အခြာ၏ မူရင်းပိုင်ရှင်များဖြစ်သော ပြည်နယ်သားများ တစ်ဦး ချင်းစီ၏ ကိုယ်စားပြုပိုင်ခွင့်ကို ပီပြင်စေရန် ကြိုးပမ်းဖော်ဆောင်မည်၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအပေါင်းတို့အား တန်းတူညီမျှစွာ တန်ဖိုးထား အသိအမှတ်ပြုပြီး အချင်းချင်း အပြန်အလှန် အကျိုးပြုမည့် လုပ်ငန်းများကို လက်တွဲဖော်ဆောင်မည် ဟု CSSU က ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၀ ခုနှစ်က ကျင်းပခဲ့သည့် ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့(ရှမ်းပြည်အမျိုးသားနေ့)အခမ်းအနားကိုတွေ့ရစဉ်

CSSU က “လွတ်လပ်ငြိမ်းချမ်းသော အခြေအနေတွင် နေထိုင်နိုင်ရန်နှင့် စစ်ပွဲမပါသော ပဋိပက္ခအသွင် မဆောင်သော ယှဉ်ပြိုင်ခြင်းကို အားပေးသည့် အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေကျင့်သုံးမည်။ ပြည်နယ်သားများ အားလုံး အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီ အခွင့်အရေးများ၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအား အာမခံချက်ရှိသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဉပဒေကို စုပေါင်းရေးဆွဲပြဋ္ဌာန်းနိုင် ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်”ဟု ပြောသည်။

၁၉၅၉ ခုနှစ်ကတည်းက ယနေ့တိုင်အောင် စစ်အာဏာရှင်နှင့် အသွင်ပြောင်း အာဏာရှင် အမျိုးမျိုးတို့၏ လက်အောက်တွင် အခွင့်အရေး အမျိုးမျိုးနှင့်တကွ လွတ်လပ်မှုများ ပျောက်ဆုံးကာ ထိခိုက်နစ်နာမှု အမျိုးမျိုးနှင့် ရှင်သန်ရုန်းကန်ခဲ့ရသည့် အခြေအနေများကို သင်ခန်းစာယူပြီး အာဏာရှင်ဟူသမျှ ဘယ်သောအခါမှ ရှင်သန်အုပ်ချုပ်ခွင့် မရစေရန် မိမိတို့ ပြည်နယ် သားများသည် ဓမ္မနှင့် အဓမ္မ သေချာစွာ ခွဲခြားသုံးသပ်ပြီး ဓမ္မဘက်က ခိုင်မာစွာရပ်တည်ကာ အတူတကွ တွန်းလှန်သွားကြ မည်ဟု CSSU က ထုတ်ပြန်ကြေညာခဲ့သည်။

CSSU ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ ရှမ်းအရက်ဖက်အဖွဲ့အစည်းများ ပါဝင် ဖွဲ့စည်းထားသည်။

ရှမ်းပြည်နယ်ရှိ လူမျိုးပေါင်းစုံကို ဖော်ညွန်းထား(Crd)

လက်ရှိ ရှမ်းပြည်နယ်တွင် ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူ၊ ကချင်၊ ဗမာ၊ ဝ၊ လွယ်၊ ဓနု၊ အင်းသား၊ ပအိုဝ်း၊ ကိုးကန့်၊ ပလောင် (တအာင်း)တို့ အပါအဝင် တခြားသော လူမျိုးပေါင်းစုံ နေထိုင်ကြလျက်ရှိသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ “ဝ”ပြည်သွေးစည်းညီညွတ် ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဌာနေပြည်သူ့စစ်များနှင့် တော်လှန်ရေးအဖွဲ့အစည်းမှ ငြိမ်းချမ်းရေးယူ ကာ အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့များနှင့် တပ်မတော် စသည့် လက်နက်တပ်ဆင်ထားသော အဖွဲ့အစည်းများ လှုပ်ရှားလျက် ရှိသည်။

အဆိုပါလက်နက်ကိုင်များထဲမှ တချို့သည် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားနေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း အချင်းချင်းကြားမှာလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။